ပျောက်ကွယ်သွားနေတဲ့ မြင်းလှည်းတွေ
=====
ရန်ကုန်တိုင်း ကျောက်တန်း မြို့ ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုက မြင်းလှည်း အစီးပေါင်း ၇၀ အထိ ရှိခဲ့ပြီး ယခုအချိန်မှာတော့ မြင်းလှည်း ၅ စီး သာ ကျန်ရှိပါတော့တယ်။ စက်မှု ထွန်းကားလာသည်နှင့် အမျှ မြင်းလှည်း ဈေးကွက်ဟာ သိသိသာသာကို လျော့နည်းလာပါတယ်။ မြင်းလှည်းတွေကို ယခုအခါမှာတော့ ကုန်သည်ယာဉ် အဖြစ်သာ အသုံးပြုကြပြီး သွားလာရေးအတွက် ဆိုင်ကယ်ကိုသာ အသုံးပြုကုန်ကြပါပြီ။ မြင်းတွေကို ရှင်လောင်းလှည့် ၊ ဘုရားပွဲများမှာသာ အသုံးပြုကြပါတော့တယ်။ တချိန်က ခရီးသွားလုပ်ငန်းမှာ အလွန် အသုံးဝင်ခဲ့တဲ့ ယခုအချိန်မှာ ပျောက်ကွယ်လုနေပြီဖြစ်တဲ့ မြင်းလှည်းတွေကို ဧရာဝတီ သတင်းဌာနရဲ့ ဓာတ်ပုံ သတင်းထောက် ပြေကျော် က သွားရောက် မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။

posted from Bloggeroid
No comments:
Post a Comment