
23.01.2016 23:10
ဇန်န၀ါရီလ ၂၂ ရက်နေ့က အင်းစိန်အကျဉ်းထောင်မှ ပြန် လွှတ်ပေးလိုက်သည့် နိုင်ငံရေးအကျဉ်းသားတချို့
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ချောချောမွေ့မွေ့ဖြစ်အောင် လုပ်ပေးတဲ့အတွက် ဆိုပြီး နိုင်ငံတကာက ၀ိုင်းပြီးချီးကျူးနေတဲ့ မြန်မာအစိုးရဟာ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့ ကျောင်းသားတွေကိုဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုတာတွေ ဆက်လုပ်နေသလို နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီပြီး အကျဉ်း ချထားဆဲပါ။
ဒီနိုင်ငံရေးအကျဉ်းသားတွေကို ဘာ့ကြောင့် လွှတ်မပေးသေးတာပါလဲ၊ သူတို့ကို လွှတ်ပေးလိုက်လို့ တိုင်းပြည်အတွက် ဘာတွေများ နစ်နာသွားမှာလဲဆိုတာ ဇန်န၀ါရီလ ၂၃ ရက်၊ စနေနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
posted from Bloggeroid
No comments:
Post a Comment