Thursday, January 28, 2016

လူသတ်မှု့မဖော်ထုတ်နိုင်သေ

အမှုလိုက်နေတဲ့ ရဲတပ်ကြပ်ကို ဓားနဲ့ ခုတ်သတ်ခဲ့တဲ့ တရားခံနှစ်ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀စီအသီးသီးကျခံစေဖို့ မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။မြောက်ပိုင်းခရိုင်တရားရုံးက စွဲချက်တင်ထားတဲ့ ကြိုတင်ကြံရွယ်ချက်နဲ့ လူသတ်မှုကျူးလွန်တဲ့ ပုဒ်မ ၃၀၂/၁ (ခ)နဲ့အမိန့်ချခဲ့တာမဟုတ်ဘဲ ပုဒ်မ၃၀၂/၂ ဖြင့်အမိန့်ချလိုက်တာ ဖြစ်ပါတယ်။အသတ်ခံခဲ့ရတဲ့ မှုခင်းနှိမ်နင်းရေးဌာနက ရဲတပ်ကြပ်ချစ်ကိုကိုမောင်ဟာ အောင်ဇေယျတံတားပေါ်မှာ ဖြစ်ပွားခဲ့တဲ့လုယက်အဓမ္မပြုကျင့်မှုကို အောင်ဇေယျအိမ်ယာလမ်းအတွင်း သတင်းစုံစမ်းနေစဉ်မှာ ဓားနဲ့ ခုတ်ခံခဲ့ရတာဖြစ်ပါတယ်။
ရဲတပ်ကြပ်အသတ်ခံရမှုမှာ တရားခံ ချစ်ကိုနဲ့ သက်ဦးတို့နှစ်ဦးကို မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချလိုက်ပြီ ဖြစ်ပေမယ့် အောင်ဇေယျတံတားပေါ်မှာ ဖြစ်ပွားခဲ့တဲ့ လုယက်အဓမ္မပြုကျင့်တဲ့အမှုမှာ ၆ လကျော် ကြာမြင့်လာတဲ့ အထိ ကျူးလွန်သူကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးပေ။

posted from Bloggeroid

No comments:

Post a Comment