တိမ်မြုပ်ပျောက်ကွယ်တော့မယ်ကျေးရွာတွေကရိုရာယက္ကန်းစင်
==================================================
အညာဒေသများတွင် ရှေးယခင်က ပုဆိုးကြမ်း စောင်ကြမ်း များကို
ကိုယ်လယ်အတွင်းကထွက်ရှိ ဝါများကို သစ်ခေါက်ဆေးဆိုးကား အကွက်
လေးများဖေါ်၍ ဘိန်ငင်းကား ကိုယ်တိုင် ယက်လုပ်သောအထည်များကို
ကျွန်တော်တို့မြန်မာလူမျိုး မြန်မာနိုင်ငံအတွင်းမှ ကျေးလက်ဒေသတောရွာ
လေးတွေမှတော့ ဝတ်ဆင်လျှက်ရှိကြပါတယ်။
ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ ခေတ်မှီသော စက်ကြီးတွေဖြစ် အဝတ်
အထည်တွေထုတ်လာလာတာတွေ စက်ဖြစ်ယက်သောစက်ယက္ကန်းစင်
တွေ သူများနိုင်ငံတွေကဝင်လာသော အဝတ်ထည်တွေ ကျွန်တော်တို့
နိုင်ငံအတွင်းကို ဈေးနုံန်းသက်သာစွာ ဝင်ရောက်လာလို ကျွန်တော်တို့ရဲ့
ရိုးရာ အမွေအနစ်ဖြစ်သော မြန်မာမှု အနုအလှ မြန်မာလက်ရာ ချီထည်
လက်ယက္ကန်းစင်လေးတွေ အသုံးပြုသူနည်းပါးသွားတာတွေကိုလေ့လာ
တွေ့ရှိရပါတယ်။
မြန်မာစကားပုံရှိပါတယ် ရှေလူကြီးတွေပြောကြတာ ယောက်ကျားလေး
စာမတက်ရင် အကန်းနဲ့တူတယ် မိန်ကလေးစာမတက်ရင် အကျိုနဲ့တူ
တယ်ဆိုကာ မြန်မာအမျိုးသမီးများအရွယ်ရောက်တာနဲ့ ယက္ကန်းခတ်တက်
အောင်သင်ပေးလျှက်ရှိပါတယ် အရွယ်ရောက်လိုအိမ်ထောင်ကျခဲလျှင်
အချက်အပြုတ်နဲ့ လင်ယောက်ကျား ဝတ်ဖို့ ရွှေကြည် ငွေကြည်တန်ကာ
ပျိုတို့ ယက္ကန်းစင် ဆိုတာ ရှေးယခင်မိဘတွေက အမွေပေးလေရှိပါတယ်။
အလားတူ အခါကြီးရက်ကြီးများဆို ရွာဦးစေတီရှိ ဗုဒ္ဓရုပ်ပွားတော်များကို
ကျေးရွာတွေမှရှိသော မိန်မပျိုတွေရဲ့  မသိုးသင်္ကန်းတွေယက်ကြတာ
ရွာလူကြီးတွေက ဆုပေးပွဲတွေ ဝါဆိုလမှကြာသင်္ကန်ယက်တာတွေ
တန်ဆောင်မုန်းလမှာ မသိုးသင်္ကန်း ချစ်စရာကောင်းသောရိုရာအမွေတွေ
အခုတော့ " တိပ်မြုပ်ပျောက်ကွယ်" ခေတ်တွေအစားထိုး ရိုရာယက္ကန်းစင်
တွေ မရှိတော့သည့်ရွာတွေ ပျိုမေတို့ ယက္ကန်းမခတ်တက်တော့ဘူး
နိုင်ငံခြားက ဝင်လာသောအထည်တွေ ဝယ်ပြီ ဝတ်ဆင်လို့ရသည့်ခေတ်
အလားတူ အမျိုးသားတွေကလဲ အလွယ်ဝတ်လိုရသည့်ခေတ်
မြန်မာလူမျိုးရှေးယခင် ငါတို့ဘိုးဘွား တွေဝတ်ခဲ့သည့် ချီကြမ်းပုဆိုး
ဖင်ကြမ်းအင်္ကျီး လူပုံအလည်မှ မည်သူမှမဝတ်ဆင်တော့လို့ ကျွန်တော်
တို့ရဲ ရိုရာအမွေ ယက္ကန်းစင်တွေ တိပ်မြုပ့်ပျောက်ကွယ် တော့မည်ဖြစ်ပါသ
ဖြင့်ထိမ်းသိမ်းဆောက်လျှေက်ဖို့လိုအပ်နေသောလျှက်ရှိပါတယ်။
ရိုရာယက္ကန်းစင်တွေက အစပြုခဲသော စီးပွားဖြစ် လွန်ရာကျော်ချိတ်
ကြိုးကြီးချိတ် ခိုင်မာလှနှင်းဆီ လက်ယက္ကန်းစင် ပိုထည်လုပ်ငန်းတွေ
တော့ ယနေ့တိုင် အမရပူရမြို့ မန္တလေးနယ်တွေမှတော့ လက်ရှိလုပ်ကိုင်
နေကြတာတွေရှိပါတယ်။ ပညာရွှေအိုးလူမခိုး ဆိုပေမဲ့ လက်ယက္ကန်းသင်
ကြသူတွေနည်းပါးလာကာ စက်ယက္ကန်းတွေ အစားထိုးလုပ်ကိုင်လာတာ
များတယ် ဒီလိုနဲ့ ပိုထည်လောက်သာ တည်ရှိနေပြီး ကျွန်တော်ကျေးလက်
ဒေသတွေက ရိုရာ ချီကြမ်း ယက္ကန်းစင်လေများဘဝကတော့ အသုံးပြုသူ
နည်းပါးလျှက်ရှိလာသလို လုံးဝ အသုံးမပြုကြသည့်ရွာတွေလဲရှိနေသဖြင့်
မြန်မာရိုရာယက္ကန်းစင်လေးများ တိပ်မြုပ့် မပျောက်ကွယ် ရန် ပညာအမွေ
မိဘ ဘိုဘွားအမွေ ထိမ်းသိမ်းပေးစေရန် တင်ပြလိုက်ရပါသည်။
စိုင်းလင်းအောင်

posted from Bloggeroid
No comments:
Post a Comment