မန္တလေး မရမ်းခြံ ဆိပ်ကန်းရှိ ကျူနေအိမ်များ အဌားအိမ်ယာအားလက်မခံ
ဟုဆို
==================================================
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် နဲ့ အောင်မြေသာစံမြို့နှစ်မြို့အတွင်းရှိ
ဧရာဝတီမြစ်ကမ်းဘေးနေထိုင်သူ ကျူးနေအိပ် ပေါင်း ၂၀၀၀ကျော်အား
အငှားအိမ်ရာ ချထားပေးမှု့နှင့်ပါက်သက်၍ဒေသခံတွေလက်မခံနိုင်သည်
ဟုပြောသည်။
"ဧရာဝတီမြစ်ကမ်းဘေးကျူးကျော်နေထိုင်ကြသူတွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အငှားအိမ်ရာစနစ်နဲ့ ငှားရမ်းနေထိုင်ခွင့်ပေးသွားဖို့စီစဉ်ထားပေမယ့်လည်း ကျွန်တော်တို့တစ်
တွေအားလုံးလက်မခံနိုင်ပါဘူး ဘာကြောင့် လက်မခံတာလဲ ဆိုရင်
ဒီဆိပ်ကမ်းမှာ မှီခိုးစားသောက်နေသော မိသားစုတွေဟာ ၁၉၉၅ ခုနှစ်က
မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်လက်ထက်က မြို့ပတ်လမ်းဖောက်
သည့်စီမံကိန်းအတွင်း ဖျက်သိမ်းခံရသူများဖြစ်ပါတယ် ဒီနားတစ်လျှောက်
ကျွဲစွန်း ဥသျှစ်ကုန်း အရာတော် မရမ်းခြံ သစ်တောကွက်သစ် ထင်းဝင်း
(၆)ရပ်ကွက်များက မိသားစုများဖြစ်ပါတယ် ရပ်ကွက်တွေဖျက်သိမ်းပြီး
အားလုံးကို ယခုတည်ရှိနေသော ရတနာပုံမြို့သစ်နေရာ ကို ပေ ၄၀ပက်
လည် ပေ ၄၀ ဆယ် ပေ၆၀ ဆယ်မြေကွက်တွေ အစားထိုးပေးခဲပါတယ်
အဲဒီအချိန်က ရတနာပုံမြို့သစ်က လမ်းပန်းဆက်သွယ်ရေး လိုင်းကားနဲ့
လုံခြုံရေး ကျန်းမာရေး ဆေးရုံ ဆေးခန်းမရှိတာကြောင့် အလုပ်ရှိရာဒီ
နေရာကို ကျူးကျော်တဲများဆောက်ကာ နေထိုင်လာခဲကြတာဟု အဆိုပါ
နေရာတွင်နေသူ မေတ္တာရှေ့ထားလှုပ်ရှားကြသူများအဖွဲ့ကမှဦးစောလင်း
ကပြောသည်။
စားဝတ်နေရေးအတွက် အလုပ်ရှိရှိရာ နေရာကို ကျူးကျော်တဲဘဝတွေနဲ့
မိသားစုပြသာနာကိုဖြေရှင်းနေထိုင်သူတွေပါ အဒီလိုနေလို ၂၀၁၃ခုနှစ်
၁၀ လပိုင်း ၃ ရက်နေ့က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက
ဆိပ်ကမ်း နေသူတွေအားလုံးကို ဖျက်သိမ်းပေးရန်အကြောင်းကြားစာလာ
ပို့ခဲ့ပါတယ်။
အဲဒီလိုပို့ပြီနောက်ပိုင်း ပြည်တောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ပညာရေးဝန်ကြီး
ဦးတင်နိုင်သိန်းတို့က ပြည်သူများ၏အခတ်အခဲများကို တွေ့ဆုံဖြေရှင်းပေး
လိုသဖြင့်ဆိုကာ (၉.၁.၂၀၁၄)က ၆၆လမ်း ၂၃လမ်းနှင့် ၂၄ လမ်းရှိ အရင်
တ.ယ.က ရုံးဟောင်းနေရာကို ခေါ်ပြီး တွေ့ဆုံစဉ်က ပြည်သူတွေရဲ အခက်
အခဲများကို တင်ပြအကူအညီတောင်းခံခဲ့ပါတယ် ။
ကျူးနေအိမ်တွေအားလုံးနဲ့ အလုပ်ဖြစ်နီးသော ၁၂ လမ်းနဲ့ လမ်း ၂၀ ကြား
ရှိ တန်ဖိုးနည်းတိုက်ခန်းအား အရစ်ကျစနစ်ဖြင့်ရောင်းချပေးရန်တင်ပြခဲ့
သော်လည်း ယခု ဆောက်လုပ်ထားသော တိုက်ခန်းတွေက အလုပ်နှင့်
အလှမ်းဝေးခြင်း ကျောင်းသားအရွယ် ပညာသင်ကြားနေသော ကျောင်း
များနှင့်ဝေးကွာခြင်း မိသားစုဘဝတွေအတွက် လုံခြုံမှု့မရှိခြင်း တိုက်ခန်း
တွေက အကျယ်အဝန်က ၁၉.၆ပေနဲ့ ၉.၆ပေသာရှိခြင်း မိသားစုနေထိုင်
ရန်လုံးဝ မလုံလောက်ခြင်း အဆောက်အဦးခိုင်ခံ့မှုအတွက် အာမခံမရှိခြင်း
တိုက်ခန်းများက အငှားစနစ်ဖြစ်ပြီး ဈေးနှုံန်း မတရားမြင့်မားနေခြင်းကြောင့်
အခုဒီလူတွေအားလုံး အငှားအိမ်ရာ ငှားရမ်းနေထိုင်ရန် ဆန္ဒမရှိကြောင်း
ဒေသခံ ကျူးတဲနေသူများကပြောသည်။
အခြေခံလူတန်းစားဖြစ်သော မြန်မာလူမျိုးအလုပ်သမား ဆိပ်ကမ်းအလုပ်
သမား ကျူးတဲ့နေသူများက မိမိတို့နေထိုင် စားသောက်လုပ်ကိုင်နေထိုင်
သော နေရာနစ်နီးသော နေရာမှာသာ အသွားအလာအဆင်ပြေခြင်း
ကြောင့် နော်ဝေဘုရင်လာစဉ်တောင် ကျူးရှင်းလင်းရေးလုပ်တာတွေ
စီမံချက်တွေ လူကြီးတွေလာလို လာရောက်ဖျက်ဆီတာတွေခံကာနေထိုင်
နေကြတာတွေကို ဘယ်နေရာပို့ပို့ပြန်ရောက်လာနိုင်ပါတယ် သူတို့ဒီမှာ
ရှိတာ ဘာပြသာနာမရှိဘူး အလုပ်သမားတွေဆိုတော့ သူဟာသူအဆင်
ပြေပါတယ် သူတို့ဒီမှမရှိရင် ဆိပ်ကမ်းအလုပ်သမားရှားပါးသွားနိုင်ပါတယ်
ဟု ဆိပ်ကမ်းစီးပွားရေးလုပ်ငန်းရှင်းများကပြောသည်။

posted from Bloggeroid
No comments:
Post a Comment