လက်ပံတောင်းဒေသခံတောင်သူတွေနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေအကြား ဆက်ဆံရေးရုံးအတွင်း ပဋိပက္ခဖြစ်
-------------------------------------------------------------
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွင်း သိမ်းဆည်းထားသော မြေယာများအတွက် သီနှံလျော်ကြေးနှင့် ပတ်သတ်ပြီး လက်ပံတောင်းဆက်ဆံရေးရုံးအတ

ွင်း ဖြေရှင်းရာကြမှ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနှင့် ဒေသခံတောင်သူတွေအကြား မပြေမလည်ဖြစ်ခဲ့ တယ်လို့သိရပါတယ်။
ဇန်နဝါရီလ(၂၅)ရက်နေ့က သီးနှံလျော်ကြေးအတွက် ဒေသခံတောင်သူတွေနှင့် ကုမ္ပဏီအကြားညှိနှိုင်းပေးမည်ဟု ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူးက ကတိပေြးေ
ပာကြားခဲ့ပြီးနောက် ဇန်နဝါရီလ (၂၆)ရက်နေ့ နေ့လည်(၂) နာရီခန့်က လက်ပံတောင်းဆက်ဆံရေးရုံးအတွင်း ဖြေရှင်းရာမှာ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများဟာ တရုပ်ပြည်မသို့ ခတ္တ ပြန်သွားတဲ့အတွက် အုပ်ချုပ်ရေးပိုင်းက အဆုံးဖြတ်မပေးနိုင်ကြောင်း တိုင်းဒေသကြီးအုပ်ချုပ်ရေးပိုင်း တာဝန်ရှိတွေက ဒေသခံတွေကို လာရောက်အကြောင်းကြားခဲ့ပါတယ်။
လာရောက်အကြောင်းကြားဖြေရှင်းရာမှာ စစ်ကိုင်းတိုင်းနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန်းနိုင်။သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်။ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်အပါဝင် ဒေသဆိုင်ရာတာဝန်ရှိသူများ ပါဝင်ခဲ့ပါတယ်။
အဆိုပါ ဆက်ဆံရေးရုံးအတွင်း အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများနှင့် လက်ပံတောင်းဒေသခံများ တွေ့ဆုံရာမှ နှစ်ဘက် စကားအခြေတင်များရာမှ ပဋိပက္ခဖြစ်ပြီး ရုံးအတွင်းမှာတွင်ပင် ဆန္ဒထုတ်ဖော်မှုတွေလဲ ဖြစ်ပွားခဲ့ပါတယ်။
ဆက်ဆံရေးရုံးသို့ လာရောက်တွေ့ဆုံခဲ့ ရာမှာ မိုးကြိုးပြင် ။ဇီးတော။ဆည်တည်း။ တုံရွာအုပ်စု စသည့် ကျေးရွာများမှ ဒေသခံတောင်သူ (၂၀၀)ကျော် ပါဝင်ကြောင်း သိရပါတယ်။
ဒေသခံများအနေဖြင့် သီးနှံလျော်ကြေးရရှိရန် ဆန္ဒထုတ်ဖော်ရာမှာ အကြိမ်ရေ (၅)ကြိမ်ရှိခဲ့ပြီး ယခုလို ဆက်ဆံရေးရုံးသို့ မတွေ့ဆုံခင် တစ်ရက်က ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော်နေစဉ်မှာ ယင်းမာပင်အုပ်ချုပ်ရေးမှူးက ကြေးနီစီမံကိန်းက တာဝန်ရှိသူများနှင့် ဒေသခံတောင်သူတွေအကြား သီနှံလျော်ကြေးအတွက် တွေ့ဆုံဖြေရှင်းညှိနှိုင်းပေးမည်ဟု ဒေသခံတောင်သူတွေကို ကတိပေးပြောကြားခဲ့တာလဲဖြစ်ပါတယ်။
ရန်နိုင်စိုး

posted from Bloggeroid
No comments:
Post a Comment