Friday, January 22, 2016

အခွန်ကြေးကျန်များစစ်ဆေးမည်

မန်းတိုင်းအတွင်းး အခွန်ကြွေးကျန် ငါးဘီလီယံခန့်ရှိ၊ဇန်နဝါရိလကုန်တွင် အပြီးသတ်ပေးဆောင်ရမည်
မန္တလေးတိုင်းဒေသကြီးအတွင်းအခွန်ကြွေးကျန်ငါးဘီလီယံခန့်ရှိနေပြီး ၂၀၁၆ဇန်နဝါရီလကုန်တွင် အပြီးသတ်ပေးဆောင်သွားရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ဘဏ္ဍာရေးဝန်ကြီးဌာနထံမှသိရသည်။
စီးပွားရေးလုပ်ငန်းရှင်များပေးဆောင်ရမည့်အခွန်ကြွေးကျန် ငါးဘီလီယံမှာ ၂၀၀၁ခုနှစ်မှ ၂၀၁၅အတွင်းကျန်ရှိသည့် ကြွေးကျန်များဖြစ်ကြောင်း၊အဆိုပါ ကြွေးကျန်များကိုလက်ရှိအစိုးရသက်တမ်းအတွင်း အပြိးသတ်ကောက်ခံသွားမည်ဖြစ်ကာ မပေးဆောင်ပါက ဥပဒေနှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အရင်အစိုးရလက်ထပ်က ကြွေးကျန်ပါဝင်နေတာတွေကို စာရင်းသီးသန့််ဖွင့်ကောက်ခံပါတယ်။အခွန်ကြွေးကျန်ကိုနှစ်ပိုင်းခွဲပြီးပေးဆောင်စေခြင်း၊အရစ်ကျပေးဆောင်စေခြင်းတို့နဲ့ကောက်ခံနေပါတယ်”ဟု ၎င်းကပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ ရရှိရန်ကျန်နေသည့် ကြွေးကျန်များကို လာမည့်ဘဏ္ဍာနှစ် အစိုးရသစ်ထံသို့ လွှဲပြောင်းပေးရာတွင် လက်ကျန်အနေဖြင့် ချန်ရစ်မည်မဟုတ်ပဲဇန်နဝါရီလကုန်တွင် အပြီးပေးဆောင်စေမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ဖိုးစမ်းချောင်

posted from Bloggeroid

No comments:

Post a Comment