ကလေးခိုးသည့်ကောလဟလပျံ့နှံ့နေခြင်းကြောင့် သာမန်လူများကိုပါ ကလေးသူခိုးဟု စွပ်စွဲကာရိုက်နှက်ခံရခြင်းများ ရှိလာ
မန္တလေး ဇန်နဝါရီ ၁၈
ယခုရက်ပိုင်းအတွင်း အင်တာနက်ဖေ့ဘွတ်ပေါ်တွင် ကလေးသူခိုးဆိုသည့် ကောလဟလပို့စ်များပျံ့နှံ့လာခြင်း၏ နောက်ဆက်တွဲဂယက်အနေဖြင့် မန္တလေးမြို့နှင့် အနီးတဝိုက်ဒေသများတွင် သာမန်လူများကိုပါကလေးသူခိုးဟု စွပ်စွဲကာရိုက်နှ့က်ခံရခြင်းများရှိလာကြောင်း သိရသည်။
ဇန်နဝါရိ ၁၇ မွန်းလွဲအချိန်က မန္တလေးခရိုင်ပုသိမ်ကြိးမြို့နယ်၊တံတိုင်းရှည်ကျေးရွာအတွင်း မသင်္ကာသူတစ်ဦးတွေ့သောကြောင့် ရွာသားများက ကလေးသူခိုးဟု စွပ်စွဲပြီး လိုက်လံဖမ်းဆီးပြီးနောက် ကျေးရွာဓမ္မာရုံထဲတွင် တုတ်၊ဓားလက်နက်များကိုင်ဆောင်ကာ ရွာသားများက စစ်မေးနေသည်ကိုသတင်းရရှိသဖြင့် ရဲတပ်ဖွဲ့နှင့် သံဃနာယကအဖွဲ့ကြီးမှ သွားရောက်ကယ်ထုတ်လာခဲ့ရကြောင်း ပုသိမ်ကြိးရဲတပ်ဖွဲ့ထံမှသိရသည်။
ကလေးသူခိုးဟု စွပ်စွဲခံရသူကို တရားစွဲလိုလျှင်လည်း ဥပဒေနှင့်အညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းရွာသားများကိုပြောသော်လည်းလက်မခံပဲရှိသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှုးမှလာရောက်ဖြေရှင်းသော်လည်းမရကြောင်း၊မြို့နယ်သံဃနာယကဆရာတော်စေလွှတ်လိုက်သော သံဃာတော်များရောက်လာကာ လူစုခွဲပေးရန် နားချသော်လည်း မရသဖြင့် ဘုန်းဘုန်းများဖြင့် ဝန်းရံကာ အဆိုပါလူကိုကယ်ထုတ်လာခဲ့ရကြောင်း ပုသိမ်ကြီးရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကလေးသူခိုးဆိုပြီး စွပ်စွဲခံရတဲ့သူက နားတောင်းကျဘက်မှာနေတဲ့ သာမန်လူပါ.ဖေ့ဘွတ်ပေါ်က ကောလဟလတွေက ရွာတွေအထိပြန့်နေတော့ သံသယစိတ်နဲ့ အခုလိုဖြစ်ကြတာပါ”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ယခုလ ၁၄ရက်နေ့ကလည်း မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊သီရိမင်္ဂလာအနောက်ရပ်ကွက်တွင် အရက်မူးလာသောလူတစ်ဦးအားကလေးသူခိုးဟု စွပ်စွဲကာ လူအများဖြင့် ဝိုင်းဝန်းရိုက်နှက်ရာမှ အဆိုပါ ရိုက်နှက်ခံရသူသည် ဆေးရုံတက်ကုသနေစဉ်သေဆုံးသွားခဲ့သည်။
ဇန်နဝါရီ၁၅ရက်နေ့ကလည်း အမရပူရမြို့နယ်၊ငယ်တိုးကျေးရွာအုပ်စု၊ကြိမ်ပြာနှင့် ချောင်းခွရွာကြားတွင်လူတစ်ဦးမယောင်မလည်လုပ်နေသဖြင့် ဝိုင်းဝန်းဖမ်းဆီးကြရာထိုလူမှ ထွက်ပြေးသဖြင့် အနောက်မှ လူအုပ်ဖြင့် လိုက်ကြကြောင်း၊ထိုစဉ် အိမ်သာတက်နေသည့် ငယ်တိုးရွာသားတစ်ဦးလည်းကြောက်ကြောက်လန့်လန့်ဖြင့် အတူလိုက်ပြေးရာ နောက်မှ လိုက်လံဖမ်းဆီးသည့် လူအုပ်ကြီးကငယ်တိုးရွာသားအား မိသွားပြီးဝိုင်းဝန်းရိုက်နှက်သဖြင့် ယခုဆေးရုံတက်ကုသနေရကြောင်း၊လှည့်ကင်းအဖွဲ့ရောက်လာပြီးစစ်ဆေးရာ မယောင်မလည်လုပ်နေသူမှာ စိတ္တဇဝေဒနာရှင်တစ်ဦးသာဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရသည်ဟု တိုင်းဒေသကြီးရဲရုံးထံမှသိရသည်။
ထို့အတူ ကွတ်ခိုင်တွင်လည်း ကလေးငယ်များအား ဖမ်းယူကာ ကလီစာများဖြတ်တောက်ရောင်းစားနေသည်ဟု ဖေ့ဘွတ်ပေါ်တွင် ပျံ့နှံ့နေသည့် သတင်းမှာလည်း သတင်းအမှားသာဖြစ်ပြီး ကွတ်ခိုင်မြို့တွင် ထိုကဲ့သို့ဖြစ်ရပ်မျိုးဖြစ်ပွားခြင်းလုံးဝမရှိကြောင်း ကွတ်ခိုင်ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းချက်အရသိရသည်။
မမှန်ကန်သော သတင်း
အချက်အလက်ကိုမရိုးမဖြောင့်သောသဘောဖြင့်
ဆက်သွယ်ခြင်း ဖမ်းယူခြင်း ပို့ လွှင့်ခြင်း ဖြန့်ချီခြင်း
သို့မဟုတ်ပေးဝေခြင်း သို့မဟုတ်ပါဝင်ဆောင်ရွက်
ခြင်း} ပြုပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(က)ဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖိုးစမ်းချောင်

posted from Bloggeroid
No comments:
Post a Comment