Monday, January 25, 2016

ပြင်ဦးလွင်မြေယာသတင်း

ပြင်ဦလွင်မြို့ ၌တောင်သူနှင့် တပ်မတော် အငြင်းပွားမူ ဖြစ်နေသည့် 
မြေနေရာပေါ်တွင် စစ်မူထမ်း ဟောင်းအိမ်ယာ ဆောက်လုပ်မူ အပေါ် မြေပိုင်ရှင်ဆိုသူ 
တောင်သူမှ ကျေနပ်မူမရှိ 

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၉ ရွှေပုဇွန်ကုန်း တွင် တောင်သူဦးပြည်လှ နှင့် 
အမှတ် ၉၅၈ ဆောက

်လုပ်ရေးတပ်ခွဲ ( အင်ဂျင်နီယာ ) အငြင်းပွားဖွယ် ဖြစ်ပေါ်နေသည့် 
မြေနေ ယာတွင် စစ်မူထမ်းဟောင်း အိမ်ယာ ဆောက်လုပ်မူ အပေါ် မြေပိုင်ရှင်ဟုဆိုသူ 
တောင်သူဦးပြည်လှ က ကျေနပ်မူမရှိ ကြောင်း သိရှိရသည်။

မြေပိုင်ရှင်ဟုဆိုသူ တောင်သူ ဦးပြည့်လှမှ ၎င်း မြေနေရာအချို့ပေါ်တွင် ဆောက်လုပ် 
ရေးတပ် မှ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မေလ တွင် စစ်မူထမ်းဟောင် အဆောက်ဦး 
ဆောက်လုပ်ရန် အတွက် ခြံစည်းရိုး ကာရံ ခြင်းများ ပြုလုပ်မူအပေါ် တောင်သူဦးပြည် 
လှမှ ကျေနပ်မူမရှိသဖြင့် ဆောက်လုပ်ရေး တပ် ဒု- အရာခံဗိုလ်နေထွန်းအား လက်ရှိ 
လုပ်ကိုင်နေသည့် မြေယာအတွင်းသို့ တာမြစ်နေသည့်ကြားမှ ဝင်ရောက်ကျူး ကျော်ကာ 
စိုက်ပျိုးထားသည့် ငှက်ပျောပင် များ ဖျက်စီးခဲ့သဖြင့်အရေးယူပေးရန် ဦး ပြည်လှ 
မှ တရားလို ပြုလုပ်၍ ၂၀၁၅ ခုနှစ် မေ ၂၉ တွင် ပြင်ဦးလွင် မြို့နယ် တရားရုံး 
သို့ ဦးတိုက်လျောက်ထား တရားစွဲဆိုခဲ့ရာ တရားရုံးမှ အခင်းဖြစ်သည့် မြေပေါ်သို့ 
ဝင် ရောက်ခဲ့ရာတွင် တရားလိုအား ခြောက် လှန့်ရန် စော်ကားရန် စိတ်ငြိုငြင်စေရန် 
သော်လည်းကောင်း ပြစ်မူကျူးလွန်ရန် သော်လည်းကောင်း ဝင်ရောက်ခြင်း မဟုတ် ပဲ 
ဌာနမှ တာဝန်ပေးမှုအရသာ ဝင်ရောက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တွေ့ရှိရသ ဖြင့် 
စွပ်စွဲခံရသူအပေါ်တွင် ပြစ်မူဆိုင်ရာ ဥပဒေအရ အရေးယူရန် အကြောင်း ပေါ်ပေါက်မူ 
မရှိသဖြင့် ပြစ်မူဆိုင်ရာ ကျင့် ထုံး ဥပဒေ ၂၀၃ အရ တိုင်းလျှောက်ချက် ကို 
ပလပ်ခဲ့ကြောင်း သိရသည်။ 

"ကျွန်တော် ၇၉ ခုနှစ်ကတဲ့က ဓါးမဦးချ တောင်သူလုပ်ကိုင်လာတာ မြေစာ ရင်းမှာ 
ဦးပြည်လှ အမည်နဲ့ 5.24 ပေါက် နေတာ မြေပြင်မှာ တကယ်တိုင်း ကြည့်ရင် 6.30 
ရှိတယ် လမ်းအပါပေါ့ စဗျစ်ခြံကို ဦးမောင် အေးက အမှတ် ၉၅၈ ဆောက်လုပ်ရေး 
တပ်အနေနဲ့ သိမ်းလိုက်တယ် စီမံချက်ကျ တဲ့နေရာမှာ တောင်သူတွေ အမှန်တကယ် 
လုပ်ကိုင်နေတာတွေ့တော့ ဦးမောင်အေး က နုတ်နဲ့ပေးထားလိုက်တာ အခုချိန်ကြမှ အမှတ် 
၉၅၈ ကျန်သေးတယ်ဆိုပြီး လာ သိမ်းတယ်  လာလုပ်တဲ့ ဆရာနေထွန်း ကိတရားဥပဒေ အရ 
တရားဆွဲ ထားတယ် မြို့နယ်မှာရှုံးတယ် ခရိုင်မှာ ရှုံးတယ် တိုင်းကတော့ လက်သင့် 
ခံထား တယ် ရှုံးရင် ဗဟိုဆက်တက်မှာ "ဟု တောင်သူ ဦးပြည်လှ က ပြောသည်။ 

အဆိုပါ မြေယာနှင့်ပါတ်သက်၍ ဇန်နဝါရီလ ၁၁ ရက်နေတွင် ရပ်ကွက်ကြီး ၉ အုပ်ချုပ် 
ရေးမှူးရုံးတွင် ဒုအရာခံဗိုလ် နေထွန်း မှ တောင်သူဦးပြည်လှနှင့် ညှိနိုင်မူ 
ပြုလုပ်ပြီး အပြန်တွင် တွေ့ဆုံမေးမြန်ရာ "ကျွန်တော် သိသလောက်ပြောရရင် 
စစ်မူထမ်းဟောင် အိမ်ယာပါ ညှိနိုင်တယ်ဆိုတာ ကျွန်တော် တပ်မူးက မေးခိုင်းတာပါ 
သဘာဝကျကျပါ မတရားသဖြင့်တော့ မဟုတ်ဘူး ဦးပြည်လှ ကတော့ တရားဥပဒေအတိုင်း ဆက်လုပ် 
မယ်တဲ့ လွန်ခဲ့တဲ့ အပိုင်း ကျွန်တော်ကို ခရိုင်တရားရုံးမှာ တရားစွဲခဲ့တယ် 
အဲ့အမူ ကပြီးသွားခဲ့တယ် ကျွန်တော်အနေနဲ့ အခြား အဆင့် စစ်သည်အနေနဲ့ တရားစွဲ 
ပိုင်ခွင့် မရှိဘူး အဲ့ဒိစစ်သည်က အထက် ကအရာရှိတွေ အမိန့်တိုင်း အလုပ်လုပ် 
ရတာလေ ဆောင်ရွက်ရတာ ဖြစ်တဲ့ အတွက်ကြောင့် သူတို့တရားစွဲတာ လွဲနေတယ် ကကထောက် 
စစ်ထောက် ချုပ်ရုံးရဲ့ ခွင့်ပြုချက် စာနဲ့ ကျွန်တော်တို GE ကလုပ်ပေးရတာပါ 
ဦးမောင်အေးကတောင် သူကို ပေးတယ် မပေးတယ် ဆိုတာ ကျွန် တော်တို့ တပ်ဖွဲ့ အနေနဲ့ 
ဘာမှ မသိပါဘူး တရားဝင် တပ်ကို လည်း စာရောက်မလာ ဘူး အခု 
စီမံကိန်းလုပ်တယ်ဆိုတာလည်း တပ်ပိုင် မြေအနေနဲ့လုပ်တာပါ " ဟု ပြန်လည် 
ဖြေကြားခဲ့သည်။ 

၁၉၇၉ ခုနှစ်မှ စတင်ကာ တောရိုင်း လယ် ယာမြေများကို ဓါးမ္မဦးချလုပ်ကိုင် စား 
သောက်ကြောင်း ၁၉၉၉ ခုနှစ်တွင် စက်မူ ၁ နယ်မြေဖြင့် မလွတ်ကင်းသဖြင့် ဖယ်ရှား 
ပေးရန် ပြောဆိုရာ ဖယ်ရှားပေးခြင်း မပြု သဖြင့် စက်မူ၁ ဗျစ်စိုက်ကွင်း တာဝန်ခံ 
ဦး မျိုးသန့်မှ မြို့နယ်တရားရုံးတွင် ပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုခဲ့ရာ 
တရားရုံး ဆုံးဖြတ်ချက် အရ ၎င်း မြေများကို ပြန်လည်လုပ်ကိုင်ခွင့် ရရှိကြောင်း 
၂၀၁၁ ခုနှစ် အစောပိုင်းတွင် ဒုတိယ ဗိုလ်ချူပ်မှူးကြီး မောင်အေး( ငြိမ်း) ၏ 
စဗျစ် စိုက်ပျိုးရေးခြံအား ခြံစည်ရိုး ကားရံ ခြင်း ပြုလုပ်ရာတွင် အဆိုပါမြေအား 
ချန် လှပ်၍ ဆောင်ရွက်ပေးထားခဲ့ကြောင်း ၂၀၁၃ နိုဝင်ဘာလ သမ္မတ ထံသိုတင်သည့် 
စာတွင် တွေ့ရှိရပါသည်။ 

အဆိုပါ မြေပိုင်ရှင်ဆိုသူ ဦးပြည်လှ မြေယာ အရှေ့ဘက်တွင် ရွှေပုဇွန်ကုန်အိမ်ယာ 
အနောက်ဘက်တွင် စက်မူ ၁ ဝန်ကြီးဌာန ၏ ဗျစ်စိုက်ပျိုးရေးခြံ တည်ရှိပြီး တောင်ဘက် 
တွင် လမ်းမ မြောက်ဘက်တွင် ဒုတိယဗိုလ် ချူပ်မှူးကြီး မောင်အေး( ငြိမ်း) ၏ 
စဗျစ်စိုက် ပျိုးရေးခြံတို့ ရှိကြောင်း တွေ့ရှိရသည်။ 

posted from Bloggeroid

No comments:

Post a Comment