

အသက်(၇)နှစ်အရွယ်ကလေးအား ၀မ်းဗိုက်ကိုဓါးဖြင့်ခွဲကာ ကလီစာများထုတ်ယူခံရသည်ဆိုသော သတင်းများမဟုတ်မမှန်ဟု သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ပြောကြား
ဒီပဲယင်းမြို့နယ်အတွင်းရှိ ဖုတ္တန်းကျေးရွာမှာ အသက် (၇)အရွယ် ပထမတန်းကျောင်းသူကလေးတစ်ဦးအား ခိုးယူပြီး ဗိုက်ကို ဓါးဖြင့်ခွဲကာ ကလီစာများထုတ်တယ်လို့ လူမှုကွန်ယက်ပေါ်တွင် ပြန့်နှံ့ခဲ့သည့်ကိစ္စ မဟုတ်မမှန်ကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့မှ က ငြင်းဆိုခဲ့ပါတယ် ။
ဖြစ်စဉ်မှာ ဇန်န၀ါရီလ (၂၂)ရက်နေ့ နေ့လည် (၁၂)ခွဲအချိန်ခန့်မှာ အိမ်နီးချင်းဖြစ်သူ အသက်(၁၈)အရွယ်အမျိုးသားငယ်တစ်ဦးက အသက်(၇)နှစ်အရွယ် အဆိုပါကလေးငယ်အား ကျေးရွာအနီး လယ်ကြား မြောင်းထဲမှာ ဓါးဖြင့် ၀မ်းဗိုက်ကိုထိုးကာ သေကြောင်းကြံစည်ခဲ့သည်ကို ကလေးငယ်ရဲ့ မိခင်ဖြစ်သူက မူးကြီးနယ်မြေရဲစခန်းကို တိုင်ကြားအမှုဖွင့်ခဲ့ပါတယ်။
ထိုသို့အခင်းဖြစ်ပွားပြီးနောက်မှာ ဒေသတ၀ှက်နဲ့ လူမှုကွန်ယက်ပေါ်တွင် ကလေးငယ်အား ဗိုက်ခွဲပြီး တခြားနိုင်ငံသို့ တင်ပို့ရန် ကလီစာများကို ထုတ်ယူခဲ့သည်ဆိုသည့် ကောလဟာလအတင်းများ ထွက်ပေါ်ခဲ့ခြင်းပဲဖြစ်ပါတယ်။
ယခုလို ကလေးငယ်ကို ဓါးဖြင့်ထိုးခဲ့သည့် အပြစ်ကျူးလွန်ခဲ့တဲ့ အသက်(၁၈)အရွယ်အမျိုးသားငယ်အား ဖမ်းဆီးကာ ဓါးဖြင့်ထိုးရသည့်အကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်တယ်လို့ မူးကြီးနယ်မြေစခန်းမှုး ရဲအုပ်နိုင်ဌေးက ပြောကြားပါတယ်။
ဓါးဖြင့်အထိုးခံရတဲ့ အဆိုပါကလေးငယ်ဟာ ရွှေဘိုဆေးရုံတွင် ကုသမှုခံယူနေရပြီး အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ်မရှိတော့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံအနှံ့ပြားမှာ ကလေးများကို ခိုးယူကာ ကလီစာများအား တခြားပြည်ပသို့ တင်ပို့ရောင်းချတယ်လို့ ယခုလိုကောလဟာသတင်းတွေဟာ လူမှုကွန်ယက်ပေါ်နှင့် ဒေသတော်တော်များများမှာ ပြန့်နှံ့မှုတွေရှိနေတာကြောင့် ကလေးရှိသူမိဘများပြားမှာ စိုးရိမ်ထိန့်လန့်မှုများလဲ ဖြစ်ပေါ်စေခဲ့ပါတယ်။
posted from Bloggeroid
No comments:
Post a Comment