Wednesday, January 20, 2016

မြိုသာစက်မှု့ဇုန်စီမံကိန်းကြောင့် ဒေသခံတရာစွဲခံရ

မြို့သာစက်မှုဇုန်စီမံကိန်းအတွက် သိမ်းယူခဲ့သောလယ်ယာမြေများကာလပေါက်ဈေးဖြင့် လျှော်ကြေး ရရှိရန်နှင့် လျော်ကြေးမပေးဘဲစီမံကိန်းဆောင်ရွက်နေမှုကို တားဆီးခဲ့ရာယင်းကိစ္စတွင် ပါဝင်မှုမရှိသူမှာ ဖမ်းဆီးခံရပြီး ဇန်နဝါရီလ ၁၉ ရက်၊မွန်းလွဲ ၂ နာရီက ငါန်းဇွန်မြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ကာလပေါက်ဈေးဖြင့်လျှော်ကြေးရရှိရန်ဆောင်ရွက်သည်ဟုဆိုကာ ကိုဝင်းဦးအား ဇန်နဝါရီလ ၁၁ ရက်၊ညနေ ၅ နာရီက ငါန်းဇွန်မြို့နယ်ရဲတပ်ဖွဲ့မှ ပုဒ်မ ၄၄၇၊၁၄၃၊၁၄၇၊၅၀၅(ခ) တို့ဖြင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

လက်ပံကျင်းကျေးရွာမှ လယ်ယာမြေ ၁၀ ဧက အသိမ်းခံရသူ မအေးနှင်းက "တားတုန်းကသူတစ်ဦးတည်း မဟုတ်ဘူး။ဖမ်းရင်အကုန်ဖမ်းလေ။ တစ်ယောက်တည်းဖမ်းသွားတယ်။ခြိမ်းခြောက်တယ်။ ကျွန်မတို့မြေက လျော်ကြေးယူမထားဘူး။အားလုံးက ကာလပေါက်ဈေးပေးမှယူမှာပဲ။"ဟုဆိုသည်။

အဆိုပါသိမ်းဆည်းမြေများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယာမြေ တစ်ဧက သိန်း၂၀၊စားကျက် မြေတစ် ဧက ၅ သိန်းနှုန်းနှင့် မြေတစ်ကွက်စီ ပေးလျှော်သည်ကို ဒေသခံများက ယခုကာလပေါက်ဈေးမရသဖြင့် လျော်ကြေးမယူခြင်းဖြစ်ပြီး လက်ရှိကာလပေါက်ဈေးရလိုကြောင်းသိရသည်။

"၂၀၁၅ ခုနှစ် ဇူလိုင် ၁၅ ရက်ကတည်းက ဖမ်းဝရမ်းထုတ်ပြီးသားပါ။ဒါကို အခုဖမ်းတာပါ။ဘာမှပြောစရာ မရှိ ပါဘူး။"ဟု ငါန်းဇွန်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်မှူး ကပြောသည်။

posted from Bloggeroid

No comments:

Post a Comment