Thursday, January 21, 2016

နိုင်ငံအကျဉ်းတစ်ချို့လွတ်မြောက်လာ

မန္တလေး ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ
ဥက္ကဌဖြစ်သူ နိုင်ရဲဝေ အိုးဘိုးထောင်မှလွတ်မြောက်

နိုင်ရဲဝေဟာ ကျောင်းသားသပိတ်တွင်ပါဝင်ခဲသူဖြစ်
ပြီး ၂၀၁၅ ဇူလိုင်လ ၂၇ နေ့က စစ်အာဏာရှင်ကျရှုံး
ပါစေဟုသော စာသားအားပန့်ဆေးဗူးဖြင့်ရတနာပုံ
ကျောင်းရှေ့တွင် ရေးခဲရာမှဖမ်းဆီးခံရပြီး ကျောင်း
အတွင်းသပိတ်စစ်ကြောင်းအားထောက်ခံဆန္ဒပြမှု့
တို့ဖြစ် ပုဒ်မ ၁၈ /၅၀၅(ခ)အရေးယူရပြီး မန္တလေး
အိုးဘိုးထောင်အတွင်းအဖမ်းဆီးထောင်ချခံရသူ
ဖြစ်ပါတယ် ယနေ့နံနက်မှတော့ လွတ်မြောက်လာ
ကြောင်းသိရသည်။


ကျွန်တော်အနေနဲ့ ဟံသာဝတီ ထောင်နဲ့အင်စိန်ထောင်မှရှိတဲ့နိုင်ငံရေး
အကျဉ်သားတွေအားလုံးလွတ်မြောက်စေခြင်ပါတယ်။
အခုဟာက နည်းပါတယ် လွတ်ရက်စေ့လိုတော့မဟုတ်ပါဘူး စေတာနာ
ကြောင့်လိုပြောတာပါပဲ စေတနာနဲ့ဆိုအားလုံးလွတ်မြောက်စေလိုပါတယ်
ထောင်ထဲ့မှာတော့ နိုင်ငံအကျဉ်းသားတွေရှိပါသေတယ်ဟုနိုင်ရဲဝေက
ပြောသည်။


ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နယ် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၄ ဦးလွတ်မြောက်လာကြောင်းသိရသည်။
လွတ်မြောက်လာသူများမှာ ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် တနှစ်ခွဲကျခံနေသည့် ဥသျှစ်ပင်မြို့မှ တောင်သူအရေးလှုပ်ရှားသူ ကိုရဲကျော်သူ (ခ) ကိုပဲပဲ နှင့် လွှတ်တော်အတွင်း PR စနစ်မကျင့်သုံးရန် ဆန္ဒပြကန့်ကွက်ခဲ့၍ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် လေးလစီကျခံနေရသူ ဦးဝဏ္ဏ(လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပြည်မြို့နယ် ဥက္ကဌ)၊ ဦးကျော်ဆန်း (ပြည်ခရိုင်း နိုင်ကျဉ်းအဖွဲ့)နှင့် ဦးမောင်မောင်တိုးတို့ သုံးဦး စုစုပေါင်း လေးဦး လွတ်မြောက်ကြောင်း သိရသည်။

ယနေ့လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်/ကျဉ်း ၃၉ ဦးသာပါရှိ
ဦးသိန်းစိန်အစိုးရ၏ နောက်ဆုံးလက်ကျန်သက်တမ်းတွင်ခွင့်ပြုပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၃၉ဦးသာပါရှိသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ အထွေထွေအတွင်းရေးမှူး ဦးဘိုကြည်က မဇ္ဈိမကို အတည်ပြုသည်။
"နိုင်ကျဉ်း ၃၉ဦးပဲပါတယ်၊ ကျန်တာက အကောက်ခွန် ၀န်ထမ်း ၁၅ယောက်နဲ့ တစ်ခြားရာဇ၀တ်မှုနဲ့ပက်သက်ပြီး ထောင်ကျနေတဲ့ သူတွေ၊ နိုင်ငံရေးနဲ့ပက်သက်ပြီးအမှုရင်ဆိုင်နေရသူ အလုပ်သမား၊ ကျောင်းသား၊ လယ်သမား၊ မီဒီယာနဲ့ တက်ကြွလှုပ်ရှားသူ ၄၀၀ကျော်ကျန်နေသေးတယ်။" ဟု ၄င်းကဆိုသည်။
ယနေ့လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၃၉ ဦးအပြင် မြန်မာနိုင်ငံအနှံ့အပြားရှိထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း အယောက် ၉၀ အထိကျန်ရှိနေသေးသည်။
ဦးသိန်းစိန်အစိုးရခွင့်ပြုခဲ့သည့် ယခုလွတ်ငြိမ်းချမ်းသာခွင့်တွင် မန္တလေးထောင်မှ လွှတ်မြောက်သည့် ကျောင်းသားတစ်ဦးသာပါရှိသည်ဟုလည်း AAPP မှသိရသည်။

ယနေ့ တောင်ငူထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၃ ဦးရဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ ကိုကျော်ထွန်းနိုင်၊ ကိုမျိုးတင့်နှင့် ဒေါ်ရီဝင်းတို့ ဖြစ်ပါတယ်

posted from Bloggeroid

No comments:

Post a Comment