Friday, January 22, 2016

ကမ္ဘောဇတိုင်းသတင်းဂျာနယ်မှကူယူဖော်ပြသည်။



Kanbawza Tai News Journal

20 hrs · 

ကိုယ်ဝန်ဆောင်မိခင် နှင့် ၄င်း၏ အသက်ငါးနှစ်အရွယ်သမီးငယ်တို့ ဗုံးစထိမှန်

========
မူဆယ်၊ဇန်န၀ါရီ ၂၁

ဇန်န၀ါရီလ (၁၄) ရက်၊ နံနက် ၈း၀၀ အချိန်ခန့် က မူဆယ်မြို့ နယ်၊ မော်တောင်းကျေးရွာအုပ်စု၊ ကောင်းဝှက် ကျေးရွာတွင်နေထိုင်သူ ဒေါ်အေးဆိုင် သည် ၄င်း၏သမီးဖြစ်သူ မသင်းသင်းအေး (၅)နှစ် နှင့်အတူ နေအိမ်ခြံဝန်းအတွင်း ခြုံနွယ်များရှင်းလင်း၍ အမှိုက်များမီးရှို့ နေစဉ် ဗုံးပေါက်ကွဲသံဟု ယူဆရသောအသံ (၁)ချက်ထွက်ပေါ်ခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် လွှင့်စင် လာသော အစများထိမှန်ကာ ၄င်းတို့ နှစ်ဦးလုံး ဒဏ်ရာများရရှိခဲ့ကြောင်း မူဆယ်မြို့ မရဲစခန်းမှ တာဝန်ကျရဲအရာရှိကဇန်န၀ါရီလ ၁၅ ရက်နေ့တွင်ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ဒေါ်အေးဆိုင် ၏ ခင်ပွန်းဖြစ်သူ ဦးအိုက်ရီမှာ နေအိမ်တွင်မရှိကြောင်း၊ ကြံခုတ်ရန်ထွက်သွားခဲ့ ခြင်းဖြစ်ကြောင်း၊ အနီးဝန်းကျင်မှ ရွာသားများက ဆေးကုသမှုခံယူရန် မူဆယ်ပြည်သူ့ ဆေးရုံသို့  ပို့ ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေါ်အေးဆိုင် (၂၅ နှစ်) (ဘ) ဦးညီကျန်၊ ပလောင်/ဗုဒ္ဓ၊ တောင်သူ သည် ကိုယ်ဝန် (၈)လ ရှိကြောင်း၊ ခါးအလယ်တွင် ဗုံးစထိမှန်ဒဏ်ရာ (၂) ချက်၊ ညာခြေသလုံးတွင် ဗုံးစထိမှန်ဒဏ်ရာ (၁) ချက် ရရှိခဲ့ပြီး သူမ၏ သမီးဖြစ်သူ သင်းသင်းအေး ( ၅ နှစ်၊) (ဘ) ဦးအိုက်ရီ၊ ပလောင်/ဗုဒ္ဓ တွင် ယာတင်ပါးဗုံးစထိမှန်ဒဏ်ရာ (၁) ချက်၊ ခါးအလယ်ဗုံးစထိမှန်ဒဏ်ရာ (၁)ချက်၊ နေက်စေ့ဗုံးစထိမှန်ဒဏ်ရာ (၁) ချက် ရရှိပြီး မူဆယ်ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ၄င်းကပြောသည်။

ကောင်းဝှက်ကျေးရွာသို့  လွန်ခဲ့သည့် ၃လခန့် ကတောတွင်းလက်နက်ကိုင်အဖွဲ့  မှ အဖွဲ့ဝင်အချို့လာရောက်ခဲ့ဖူးကြောင်း၊ ၄င်းတို့မှာည အချိန်တွင်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ယခု ဗုံးသီးမှာလည်း အဆိုပါအဖွဲ့ မှ ခေတ္တရပ်နားစဉ် ကျန်ရစ်ခဲ့သော ဗုံးသီးဖြစ်နိုင်ကြောင်း ကောင်းဝှက်ကျေးရွာသားတစ်ဦးကပြောသည်။

======

နေ့သစ်မောင်

posted from Bloggeroid

No comments:

Post a Comment