၂၀၁၅ခုနှစ်အတွင်းမန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံခြားသားတစ်သိန်းကျော်ဝင်ရောက်
ဇန်နဝါရီ၁၈ မန္တလေး
၂၀၁၅ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံခြားသားတစ်သိန်းကျော်(၁၀၄၁၇၇)ဝင်ရောက်ခဲ့ပြီး တိုးရစ်ဗီဇာဖြင့်ဝင်ရောက်လာမှုအများဆုံးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနထံမှ သိရသည်။

နိုင်ငံခြားသားများလာရောက်ရာတွင် တိုးရစ်ဗီဇာဖြင့်ဝင်ရောက်လာသူခြောက်သောင်းကျော်(၆၄၆၄၆)ဦးရှိပြီး လုပ်ငန်းဗီဇာဖြင့်လာရောက်သူနှစ်သောင်းခုနှစ်ထောင်ကျော်(၂၇၈၁၃)ရှိပြီး e-Visaဖြင့်ဝင်ရောက်သူ နှစ်သောင်းကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“Business Visaနဲ့ လာတဲ့သူတွေထဲမှာ တရုတ်နိုင်ငံသားက အများဆုံးပါ”ဟု ၎င်းကပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း Business Visaဖြင့် တရားဝင်လာရောက်လုပ်ကိုင်သူများမှာ တရုတ်နိုင်ငံသား ၈၈၅၅ဦး၊အိန္ဒိယနိုင်ငံသား ၂၅၉ဦး၊ဖိလစ်ပိုင်နိုင်ငံသား၁၆၄ဦး၊ထိုင်းနိုင်ငံသား ၁၁၇ဦး၊သိရိလင်္ကာနိုင်ငံသား၁၀၄ဦး၊ဂျပန်နိုင်ငံသား ၆၀နှင့်အမေရိကန်နိုင်ငံသား ၇၉ဦးတို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ အိန္ဒိယအစိုးရသည်လည်းမြန်မာစီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေးးဗီဇာများအား ၂၀၁၅ဒီဇင်ဘာမှစတင်ကာ ခွင့်ပြုပေးနေကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

posted from Bloggeroid
No comments:
Post a Comment