Sunday, January 31, 2016

ညောင်နီကျေးရွာအားကယ်တင်မယ်သူပေါ်


ပြင်ဦးလွင်မြို့၊ ညောင်နီကျေးရွာမြောက်ခြံနှင့်ဗိုလ်ချုပ်ရွာအစပ်ရှိ ကျူးဟုဆိုကာ ဖယ်ရှားခံရသော အိမ်ထောင်စု ဒုက္ခသည်များအား စာရေးဆရာလမင်းမောင်မောင်မှ ညောင်နီကျေးရွာရှိ၎င်းပိုင်သောစာပေကျေးရွာရိပ်မွန်နှင့် မနီးမဝေးတွင် မြေ၀ိုင်းကွက်များလှူဒါန်းရန်စီစဉ်။

ယခုတလော ဖေ့ဘုတ်သတင်းစာမျက်နှာအတော်များများမှာ ပြင်ဦးလွင်မြို့ ၊ညောင်နီကျေးရွာ မြောက်ခြံနှင့်ဗိုလ်ချုပ်ရွာအစပ်ရှိ ကျူးကျော် နေထိုင်သူများကို အင်အားသုံးဖယ်ရှားတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို တက်လာ နေပါတယ်။
ဖြစ်တာက ညောင်နီကျေးရွာ မြောက်ခြံနှင့် ဗိုလ်ချုပ်ရွာရဲ့ အစပ်မှာဖြစ်တာပါ။ 
ဒီသတင်းကို ပေးလာခဲ့တာကတော့ ပြင်ဦးလွင်၊ ညောင်နီကျေးရွာ မြောက်ခြံမှာ နေထိုင်ပြီး ညောင်နီကျေးရွာရဲ့တောင်ဘက်မှာ စာပေကျေးရွာရိပ်မွန်နဲ့ စာပေသက်ကြီးစောင့်ရှောက်ရေးဂေဟာ တည်ထောင်ဖို့ ကြိုးစားနေတဲ့ ဆရာ လမင်းမောင်မောင်ပဲဖြစ်ပါတယ်။
ဆရာလမင်းမောင်မောင်ဟာ ညောင်နီကျေးရွာ မြောက်ခြံမှာ နေထိုင်ကာ ညောင်နီကျေးရွာတောင်ဘက်တွင် စာပေကျေးရွာရိပ်မွန်ကို တည်ထောင်နေတာ ဖြစ်တဲ့အတွက် ဆရာ့ဆီကို မိတ်ဆွေစာရေးဆရာများ၊ ရုပ်ရှင်ဂီတနဲ့ အနုပညာရှင်များ၊ သတင်းမီဒီယာသမားများရဲ့ ဖုန်းကွန်တက်အများအပြားရဲ့ လှမ်းမေးမြန်းမှုကို ခံရတာကြောင့် အခုလို စာပေကျေးရွာရိပ်မွန်တည်ရှိရာ ညောင်နီကျေးရွာရဲ့ တောင်ဘက်မှာ ဖြစ်တာမဟုတ်ပဲ ညောင်နီကျေးရွာ မြောက်ခြံရဲ့အစပ်မှာဖြစ်တာ ဖြစ်ကြောင်း။
ကျွန်တော် ပေါ်ထွန်း(ကျောက်မီး) ဆီကို ဖုန်းဆက်ပြောပြပါတယ်။
တဆက်တည်း ဆရာလမင်းမောင်မောင်က ဖယ်ရှားခံရတဲ့ မိသားစုများအတွက် သူပိုင်တဲ့ ညောင်နီကျေးရွာတောင်ဘက်ရှိ စာပေကျေးရွာရိပ်မွန်နှင့် မနီးမဝေးမြေများထဲမှ တစ်ဧကခန့်ကို မြေ၀ိုင်းများစနစ်တကျအကွက်ရိုက်ပြီး လှူဒါန်းပေးသွားမှာ ဖြစ်တဲ့ အကြောင်းကို ယခုလို ပြောပါတယ်။ 
“တပ်နယ်က ဖယ်ရှားခံရတဲ့ ဒုက္ခသည် မိသားစုများကို ကျွန်တော့ရဲ့စာပေကျေးရွာရိပ်မွန်နဲ့ မနီးမဝေးက ကျွန်တော်ပိုင်တဲ့ မြေတစ်ဧကလောက်မှာ အနည်းဆုံး ပေ ၂၀ ၊ပေ ၄၀ တစ်ကွက်စီလှူဖို့ စီစဉ်နေပါတယ်ခင်ဗျ။ 
သို့ပေမယ့် အလှူခံသူများဟာ စည်းကမ်းချက်အချို့ကိုတော့လိုက်နာရပါလိမ့်မယ်။
ကျွန်တော်လှူတဲ့မြေနေရာကို ရောင်းချခွင့်မရှိပါဘူး။ ၄င်းမြေပေါ်မှာ မရောင်းချပဲ သားစဉ်မြေးဆက် နေလိုက နေနိုင်ပါတယ်။ မနေလိုတဲ့အခါ ကျွန်တော်လမင်းမောင်မောင်ထံကို ပြန်လည်အပ်နှံ့ပေးရမှာဖြစ်ပါတယ်။
ဒါကြောင့် လက်လွဲခြင်း၊ ရောင်းချခြင်း မပြုပါဘူး ဆိုတဲ့အကြောင်းကို ရပ်ကျေးအဖွဲ့အစည်း၊ မြေယာကော်မတီများရဲ့ရှေ့ မှာဝန်ခံကတိစာချုပ် ချုပ်ရမှာဖြစ်ပါတယ်။ အကယ်၍ လက်လွဲခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ခဲ့လျှင်လည်း ၄င်းလက်လွဲခြင်း ၊ ရောင်းချခြင်းများဟာ အကျုံးဝင်မည်မဟုတ်ပဲ လက်လွဲယူသူ၊ ၀ယ်ယူသူများသာ ဆုံးရှုံးနစ်နာခြင်းဖြစ်မှာ ဖြစ်ပါတယ်။”
ဆရာလမင်းမောင်မောင်က အခုလို ဆက်ပြောပါတယ်။
“မြေကိုပဲလှူမှာဖြစ်ပါတယ်။ အဆောက်အဦး၊ ရေ စတာတွေကတော့ မိမိတို့ဘာသာ ဆောင်ရွက်ရမှာဖြစ်ပါ တယ်။ အခုလိုလှူဖို့ စီစဉ်တာကလည်း မြင်ရ ကြားရတာတွေကို စိတ်ဆင်းရဲဖြစ် ကရုဏာသက်ဖြစ်ရလွန်းလို့ လှူဒါန်းပေးဖို့ စီစဉ်တာ ဖြစ်ပါတယ်ခင်ဗျာ” လို့ ဆရာလမင်းမောင်မောင်က ပြောကြားသွားပါတယ်။
ဒါကြောင့် 
ပြင်ဦးလွင်မြို့ ၊ ညောင်နီကျေးရွာ မြောက်ခြံနှင့် ဗိုလ်ချုပ်ရွာအစပ်မှ ကျူးဟုဆိုကာ ဖယ်ရှားခံရတဲ့ ဒုက္ခသည်များအား
ဆရာလမင်းမောင်မောင်မှ ညောင်နီကျေးရွာ၏ တောင်ဘက် သူပိုင်တဲ့ စာပေကျေးရွာရိပ်မွန်နှင့် မနီးမ၀းမှာ မြေ၀ိုင်းကွက်များ လှူဒါန်းပေးဖို့ အတွက် ရပ်ကျေးအဖွဲ့အစည်း၊ မြေယာကော်မတီများနှင့် တိုင်ပင်စီစဉ် နေကြောင်း ဆရာ လမင်းမောင်မောင်ရဲ့ မြင့်မြတ်တဲ့ စိတ်ထားနဲ့ မိမိနိုင်သလောက် လှူဒါန်းပေးတဲ့ အလှူအတွက် ဆရာလမင်းမောင်မောင်အား ချီးကျူးဂုဏ်ပြု သာဓုခေါ်လိုက်ရပါတယ်ခင်ဗျာ…။

သတ္တ၀ါအပေါင်း ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေဟု ဆန္ဒပြုလျှက်

ပေါ်ထွန်း(ကျောက်မီး)


posted from Bloggeroid

No comments:

Post a Comment