
လက်ပံတောင်းတောင်သူများ သီးနှံလျော်ကြေး ကုမ္ပဏီနှင့် ဒေသခံတောင်သူတွေကြား ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး ညှိနှိုင်းဖြေရှင်းပေးမည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း သိမ်းဆည်းထားသော မြေယာများအတွက် သီးလျော်ကြေးရရှိရန် ဒေသခံတောင်သူ (၁၀၀)ခန့်က ဇန်နဝါရီလ(၂၅)ရက်နေ့ နေ့လည် (၂)နာရီချိန်က ပုသိမ်-မုံရွာလမ်းထိပ် ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ဆန္ဒထုတ်ကြရာတွင် ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးက လာရောက်ညှိနှိုင်းဖြေရှင်းခဲ့ပါတယ်။
ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်းက ဒေသခံတောင်သူများနှင့် ကုမ္ပဏီအကြားဖြေရှင်းညှိနှိုင်းရန်အတွက် ဇန်နဝါရီလ (၂၆)ရက်နေ့တွင် လက်ပံတောင်းတောင်ညှိနှိုင်းရေးရုံးမှာ နှစ်ဘက်တွေ့ပေးမယ်လို့ ဒေသခံတောင်သူတွေကို ကတိပေးခဲ့ပါတယ်။
ထို့နောက် ဆန္ဒဖော်ထုတ်ရာတွင် ပုဒ်မ (၁၈)ဖြင့် ဒေသခံတောင်သူ (၆၀) ကို အမှုဖွင့်အရေးယူထားသည့်အတွက် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး ရဲစခန်းရှေ့မှာလဲ ညနေချိန်အထိ ထပ်မံဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
သီးနှံလျော်ကြေးရရှိရန် ဝမ်ပေါင်ကုမ္ပဏီကို စာတင်ပြ၍ တွေ့ခွင့်တောင်းသော်လဲ တွေ့ခွင့်မပေးတာကြောင့် ဆန္ဒထုတ်ဖော်ရာမှာ ယခုအကြိမ်နဲ့ဆို (၅)ကြိမ်မြောက်လဲ ဖြစ်ပါတယ်။
သတင်းအပြည့်စုံနဲ့ Video ဖိုင်များကို ထပ်မံပို့ပါမည်။
ရန်နိုင်စိုး
posted from Bloggeroid
No comments:
Post a Comment