
30.01.2016 06:01
အမေရိကတိုက်မှာ ပြန့်နှံ့နေတဲ့ ခြင်ကတဆင့် ပေါက်ပွါးတဲ့ ဇီကာ ဗိုင်းရပ်စ်ပိုးဟာ လူပေါင်း သန်းနဲ့ချီအကူးစက်ခံနေရပြီး ဒီနှစ် နှောင်းပိုင်း ဘရာဇီးလ် နိုင်ငံမှာ ကျင်းပမယ့် အိုလံပစ် ပွဲအချိန်ရောက်ရင်တော့ အိုလံပစ်ပွဲတော်ကို လာရောက်သူ အများအပြားရှိနေမှာမို့ သူတို့ နေရပ်ပြန်ချိန်မှာ ကမ္ဘာအနှံ့ ဒီရောဂါပိုး ကူးစက်ပြန့်ပွါးမှုတွေ ဖြစ်လာနိုင်တာပါ။
လူအများစု အတွက်တော့ ဇီကာ ဗိုင်းရပ်စ် ပိုးဟာ ပြဿနာ သိပ်မရှိပဲ အဖျားတက်တဲ့ လက္ခဏာမျိုးလောက်ပဲ ရှိပေမယ့် သူက မွေးဖွားလာမယ့် ကလေးငယ်တွေမှာ ဆိုးဝါးတဲ့ မွေးရာပါ ချို့ယွင်းမှုတွေ ပေါ်ပေါက်နိုင်တယ်လို့ ရောဂါထိမ်းချုပ် ကာကွယ်ရေး ဗဟိုဌာနက ဒေါက်တာ Beth Bell ကပြောပါတယ်။
ဘရာဇီးလ် နိုင်ငံက ရောဂါရှင် ၄ ထောင်လောက်မှာ ဇီကာဗိုင်းရပ်စ်ပိုးနဲ့ ဆက်နွယ်ပြီး ရောဂါဖြစ်ပွါးနေတာ တွေ့ရသလို သူတို့မှာ မွေးဖွားလာတဲ့ ကလေးငယ်တွေမှာ သာမန်မဟုတ်ပဲ ဦးခေါင်းနဲ့ ဦးနှောက် သိပ်သေးနေ တာတွေ့ရတယ်လို့ ဆိုပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ ဇီကာ ဗိုင်းရပ်စ်ပိုးဟာ အမေရိကတိုက် တလွှားမှာ လျှင်လျှင်မြန်မြန် ပျံ့နှံ့နေပြီး အခုဆိုရင် လူပေါင်း ၄ သန်းလောက်မှာ ကူးစက်နေနိုင်တယ်လို့ ဆိုပါတယ်။
ဒီဗိုင်းရပ်စ်ပိုးဟာ လက်တင် အမေရိကနဲ့ ကရေဘီယံ တလျှောက် အမြန် က ပျံ့နှံ့နေတာပါ။ ဒေသတွင်း နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ ဒီရောဂါပိုး ပျံ့နှံ့နေပြီး အဆင့် အမြင့်ဆုံး သတိပေးချက်လည်း ထုတ်ပြန်ထားတယ်လို့ WHO အကြီးအကဲ Margaret Chan ကပြောပါတယ်။
ဘရာဇီးလ် နိုင်ငံမှာ မနှစ်က ပထမဆုံး ဒီရောဂါဖြစ်ပွါးသူတွေ့ခဲ့ရပြီးတဲ့နောက်ပိုင်း အဲဒီအချိန်ကစလို့ ဒေသတွင်း နိုင်ငံ အများအပြားကို အမြန် ပျံ့နှံ့ သွားတာပါ။ ဒါပေမယ့်လည်း ဒီရောဂါပိုးအတွက် ဘယ်သူကမှ အစပိုင်းမှာ စိုးရိမ်မှု မရှိကြဘူးလို့ ဆိုပါတယ်။
posted from Bloggeroid
No comments:
Post a Comment