မန္တလေးခရိုင်အတွင်း ညပိုင်း ခိုးဆိုးလုယက်မှုများ မဖြစ်ပေါ်စေရေးအတွက် CCTVများဖြင့် စောင့်ကြည့်ခြင်းများအပြင် ညပိုင်းလုံခြုံရေး ရဲအင်အား(၁၅၀)ကျော်ဖြင့် စောင့်ကြည့်နေ
မန္တလေးခရိုင်အတွင်း ညပိုင်းအချိန်တွင် ဆိုင်ကယ်ဖြင့် လုယက်မှု အများဆုံးဖြစ်ပွားနေသည့် နေရာများတွင် လုယက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ နှင့် မူးယစ်ဆေးဝါးမှုများ လျော့ကျစေရန်အတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအတွင်းရှိ Police Comment Center (PCC) မှ လုံခြုံရေးကင်မရာ (CCTV) အလုံး၄၀ဖြင့် ၂၄နာရီ စောင့်ကြည့်ခြင်းအပြင် ညပိုင်း လုံ ခြုံရေး ရဲအင်အား ၁၅၀ ကျော်ဖြင့် လှည့်ကင်းချစောင့်ကြည့်ခြင်းများ ပြုလုပ်နေလျက်ရှိသည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။
‘‘‘ညပိုင်းလုံခြုံရေးကို အရင်ကတည်းက ဆောင်ရွက်နေပါတယ်၊ နယ်မြေအလိုက် ညပိုင်းလုံခြုံရေး ရဲအင်အား ချထားပါ တယ်၊ လှည့်ကင်းချ စောင့်ကြည့်ခြင်းကို ညဦးပိုင်းကနေ မနက်အထိ အဆိုင်းနှစ်ဆိုင်းခွဲပြီး လုံခြုံရေးချထားပါတယ်၊ ညပိုင်း အချိန်တွေမှာ ခိုးဆိုးလုယက်မှုတွေ၊ ခိုက်ရန် ဖြစ်ပွားမှုများနဲ့ မူးယစ်ဆေးဝါးမှုများ မဖြစ်ပေါ်စေရေးအတွက် ညပိုင်း လုံခြုံရေး ရဲအင်အား၁၅၀ ကျော်နဲ့ လှည့်ကင်းချ စောင့်ကြည့်နေသလို ရုံးပိတ်ရက်တွေမှာ ပိုမိုစောင့်ကြည့်နေပါတယ်၊ အရင်က ပြစ်မှုကျူးလွန်မှုကြောင့် ထောင်ကျဖူးတဲ့ လူတွေကိုလည်းစောင့်ကြည့်ပြီးစစ်ဆေးဖော်ထုတ်ဆောင်ရွက်နေပါတယ်’’ ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိန်ထွန်းကပြောသည်။
မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ မှုခင်းဖြစ်ပွားမှုများလျော့ကျစေရေးအတွက် တပ်ဖွဲ့ဝင်အင်အားများဖြင့် ဆောင်ရွက်နေလျက်ရှိသ လို လုံခြုံရေးကင်မရာ (CCTV)များဖြင့် ၂၄နာရီစောင့်ကြည့်ခြင်းများ ပြုလုပ်နေမှုကြောင့် ယခုအခါ မှုခင်းဖြစ်ပွားမှုများ လျော့ ကျလာပြီး တစ်မြို့နယ်လျှင် ညပိုင်းလုံခြုံရေးရဲအင်အား၂၀ မှ ၃၀ ဦးခန့် ဖြင့် နေ့စဉ် ည ၇နာရီ မှ ည၁၂နာရီအထိတစ်ဆိုင်း၊ ည၁၂နာရီ မှ နံနက်(၅)နာရီအထိတစ်ဆိုင်း အဆိုင်းနှစ်ဆိုင်းခွဲ၍ လုံခြုံရေးအတွက် ဆောင်ရွက်နေခြင်းများနှင့်အတူ ညနက် ပိုင်း အချိန်များတွင် လမ်းပေါ်သွားလာနေသည့် မသင်္ကာသည့် ဆိုင်ကယ်များအား ရပ်တန့်စစ်ဆေးပြီး ဖမ်းဆီးမှုများ ပြု လုပ် လျက်ရှိကြောင်း သိရသည်။
Police Comment Center (PCC) မှ လုံခြုံရေးကင်မရာ (CCTV) အလုံးဖြင့် မှုခင်းဖြစ်နိုင်ခြေအများဆုံးရှိသည့်နေရာများ အား ၂၄နာရီစောင့်ကြည့်မှုများကို ပြုလုပ်လျက်ရှိနေသော်လည်း ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးကင်မရာအလှမ်းဝေးသည့် နေရာများတွင် ညပိုင်းအချိန်များ၌ အိမ်အပြင်ဖက်တွင် ရပ်ထားသည့် ကားများမှ ပစ္စည်းများ ခိုးယူမှုများ၊ ကားမှန်ခွဲ၍ အတွင်းပစ္စည်းများ ခိုယူခြင်းများ ရှိနေခြင်းကြောင့် ရပ်ကွက်နေပြည်သူများ သတိရှိရှိ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မိမိပတ်ဝန်းကျင်၌ထူးခြားဖြစ်စဉ်များရှိလျှင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးနှင့်နီးစပ်ရာရဲကင်း ရဲစခန်းများသို့အကြောင်းကြားခြင်းများလည်းပြုလုပ်ရန်လိုအပ်သည်ဟု သိရသည်။

posted from Bloggeroid
No comments:
Post a Comment