သစ်ခွပန်းခူးရန်သွားရောက်စဉ် မိုင်းထိမိ၍ ပလောင်တိုင်းရင်းသူတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ
====
မန်တုံ၊ ဇန်န၀ါရီ ၂၁။
ဇန်န၀ါရီလ (၁၅) ရက်နေ့ က ရှမ်းပြည်နယ်(မြောက်ပိုင်း) မန်တုံမြို့ နယ်၊ ဟောင်းကာကျေးရွာအုပ်စု၊ မန်ပုံကျေးရွာတွင်နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် ပလောင်တိုင်းရင်းသူတစ်ဦး တောထဲသို့ သစ်ခွပန်း ခူးရန်သွားရောက်စဉ် သောင်းကျန်းသူများ ထောင်ထားသော မိုင်းကိုတိုက်မိ၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ကျရဲအရာရှိတစ်ဦးက ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ ပြောသည်။
မအေးကူး၊ (သ)၁၅နှစ်၊ (ဘ)ဦးအိုက်တောင်း၊ ပလောင်/ဗုဒ္ဓ၊ တောင်ယာလုပ်၊ မန်ပုံကျေးရွာနေသူသည် ဇန်န၀ါရီလ (၁၅) ရက်၊ မွန်းလွဲပိုင်း (၁)နာရီအချိန်ခန့် က မိခင်ဖြစ်သူ ဒေါ်အေးအမ် နှင့်အတူ မန်ပုံကျေးရွာ၏မြောက်ဘက် (၅)မိုင်ခန့် အကွာရှိတောထဲသို့  သစ်ခွပန်းခူးရန်သွားရောက်ခဲ့ကြောင်း၊တောထဲသို့ ရောက်ရှိပြီး မိခင်ဖြစ်သူနှင့်နေရာခွဲ၍ သစ်ခွပန်းရှာနေစဉ် တောင်ကုန်းငယ်တစ်ခု၏ ဆင်ခြေလျှောသို့  အရောက်တွင် မိုင်းဟုယူဆရသော အရာကိုတိုက်မိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောကုန်းတွင် (၁၆)ချက်၊ ဘယ်လက်ဖျံတွင် (၁)ချက်၊ ရင်သား ဘယ်/ညာတွင် (၁)ချက်စီ၊ တင်ပါး ဘယ်/ညာတွင် (၁)ချက်စီ၊ ဘယ်ဝမ်းဗိုက် အောက်တွင် (၂)ချက် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရသဖြင့် တာဝန်ရှိသူများက ယင်းနေ့ တွင်ပင် လားရှိုးပြည်သူ့ ဆေးရုံကြီးသို့  တင်ပို့ ကုသပေးခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။
ဖြစ်စဉ်နေရာသည် တောတွင်းလက်နက်ကိုင်အဖွဲ့ များလှုပ်ရှားနယ်မြေဖြစ်ပြီး တပ်မတော်စစ်ကြောင်းများ ၀င်ရောက် လှုပ်ရှားပါက ထိခိုက်ဒဏ်ရာရရှိစေရန်ရည်ရွယ်၍ ထောင်ထားသည့်မိုင်းအား မအေးကူး က ၀င်တိုက်မိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၄င်းက သုံးသပ်သည်။
====
နေ့သစ်မောင်

posted from Bloggeroid
No comments:
Post a Comment