Wednesday, January 27, 2016

မူးယစ်ဆေးဖမ်းမီ

ကျောက်ဖြူတွင် မူးယစ်ဆေးဝါးဖမ်းမိ
၂၇ဇန်န၀ါရီ၂၀၁၆၊ကျောက်ဖြူ
ကျောက်ဖြူတွင် WY စာတန်းပါ မူးယစ်ဆေးပြားများကို ဇန်န၀ါရီလ(၂၇)ရက်နေ့ နံနက်(၅း၀၀)နာရီခန့်က ဖမ်းဆီးမိခဲ့ကြောင်းကျောက်ဖြူရဲစခန်းမှသိရသည်။
ကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိုက်ရပ်ကွက်၊ ဆားပြင်ကွင်းဆင်းလမ်းနေ ဦးစံခင်မောင် ၏နေအိမ်သို့ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်ဌေး ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်အထူးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င် ၀င်ရောက်ရှာဖွေရာ WYစာတန်းပါဆေးပြားများကို ဖမ်းဆီးရမိကြောင်း သိရသည်။
ဦးစံခင်မောင်၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ WY စာတန်းပါဆေးပြား ၁၃၄ပြားနှင့် ရောပြီး ငွေကျပ် (၇၃၀၀၀၀)ကိုဖမ်းဆီးရမိကြောင်း သိရသည်။
သတင်းအရ ဦးစံခင်မောင် နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာမှာ သူကခုနှစ်လက်မလောက်ရှည်တဲ့ ဓားမြောင်နဲ့ ရဲတပ်ဖွဲ့ကို ခုခံခဲ့ကြောင်း ရုန်းရင်းဆန်ခတ်ဖြစ်သွားကြောင်း ကျောက်ဖြူရဲစခန်းတာဝန်ရှိသူတစ်ဦး ကပြောသည်။
” ခုခံတဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ဖြစ်သွားပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေမှာ နဖူးတွေအနည်းငယ် ပွန်းသွားတာတော့ရှိပါတယ်။ ဒဏ်ရာတော့ မကြီးမားပါ“ဟု တပ်ကြပ် ကိုထွန်းလင်း ပြောပါသည်။
ကျောက်ဖြူရဲစခန်း မူးယစ် ပ အမှတ် ၁/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉က/၂၀က/၂၁ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်းသတင်းရရှိသည်။

posted from Bloggeroid

No comments:

Post a Comment