Friday, January 29, 2016

ပန်ဒိုနာအမှု့ခုထိမပြီသေ

ပန်ဒိုရာ အဆီချလုပ်ငန်း မှ ပိုင်ရှင်လင်မယားနှင့် အလုပ်သမား (၇).ယောက်အား အမှုဖွင့်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း ၂၇ × ၂၈ လမ်း တွင် ဖွင့်လှစ်ထားသည့် ပန်ဒိုရာ အဆီချလုပ်ငန်း မှ ပိုင်ရှင်လင်မယားနှင့် အလုပ်သမား (၇).ယောက်အား ဒီဇင်ဘာလ ၂ ရက်နေ့ က အမှုဖွင့်ခဲ့ကြောင်း အမှတ် (၃).နယ်မြေခံရဲစခန်း က သိရသည် ။

ယင်းအမှုအား ပ ၃၂၄/၂၀၁၅  နာကျဉ်စေမှု ပုဒ်မ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ရဲစခန်း မှ တရားလို မဇာလီဝင်းအား စစ်ဆေးပြီးဖြစ်သည် ။

``ကျွန်တော်တို့ သက်သေတွေ ထပ်စစ်မယ် ။ ပြီးရင် ပတ်ဝန်းကျင် အခြေအနေကို စုံစမ်းပြီးပေါ်ပေါက်တယ်ဆို ရင် ဖမ်းစီးမယ် ။ အာမခံပေးလို့ရတဲ့ ပုဒ်မတွေဖြစ်တဲ့ အတွက် အာမခံလျှောက်လာရင်ပေးမယ် ။ ပြီးတော့ တရားခံကို တရားစွဲတင်နိုင်ဖို့အတွက် ဥပဒေအကြံပြုချက်တွေ တောင်းခံသွားမယ် ။ ပုဒ်မ တိုးတာ လျော့တာတွေ လည်းလုပ်သွားမယ်။´´ အမှတ် (၃) နယ်မြေခံ ရဲစခန်း မှ စခန်းမှူး ဦးထိုက်လင်းစိုး က ပြောသည် ။

ထို့အပြင် ယင်းသို့ ပန်ဒိုရာ အဆီချလုပ်ငန်း ပိုင်ရှင်မှ အလုပ်သမားများအား မတရားနှိပ်ဆက်မှုအား ရှေ့နေများ ကွန်ယက်မှလည်း ကူညီစောင်ရွက်သွားဖြစ်ပြီးကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်အမာနီ က ပြောသည် ။

``ကျွန်မကို သူတို့ကိုယ်တိုင်လည်း ရိုက်တယ် ။ အလုပ်သမားတွေကိုလည်း ရိုက်ခိုင်းတယ် ။ ကျွန်မက ဒီမှာ လုပ်လာတာ ၂ နှစ်ကျော်ပါပြီ ရောက်တုန်းကတော့ အဆီချတာ လုပ်ဖို့ရောက်လာတာ ဒါပေမယ့် နောက်ပိုင်းမှာ အိမ်အလုပ်တွေ ဖြစ်တဲ့ ကလေးထိမ်းတာ ခွေးစာကျွေးတာ တွေပါ လုပ်ရတယ် ။ ကျွန်မက ကလေးထိမ်းရတော့ ညဘက် မအိပ်ရဘူး ။ ဒါ့ကြောင့် နေ့ခင်းဘက်ကျတော့ အိပ်ချင်တယ် ။ အိပ်ငိုက်ရင် ရိုက်တယ် ။ သွားတွေကိုလည်း ပိုက်နဲ့ ရိုက်တယ် ။ ကျွန်မမှာ ဖိနပ်မရှိတာ ကြာပြီ အပြင်ထွက်လို့ သူများဖိနပ်ငှားစီးရင် ရှိခိုးပြးမှ ငှားစီးခွင့်ပေးတယ် ။´´ ဟု ပန်ဒိုရာ လုပ်ငန်းပိုင်ရှင်မှ နှိပ်ဆက်ခြင်း ခံရသော မဇာလီဝင်း က ပြောတယ် ။

ထို့အပြင် မဇာလီဝင်းအား ခွေးအိမ်ထဲတွင် အိပ်ခိုင်းခြင်း ၊ ထမင်းအချိန်မှန်မကျွေးခြင်း နှင့် ဆွဲကြိုးခိုးသည်ဟုဆိုကာ ရိုက်နှက်ခြင်း များ ပြုလုပ်ပြီး ကိုယ်တုံးလုံးချွတ်၍ လည်း သားမျက်အား ရိုက်ခြင်းတို့ကို ပြုလုပ်ကြောင်း ၄င်း က ဆက်လက်ပြောကြားသည် ။


posted from Bloggeroid

No comments:

Post a Comment