
ကျောက်မဲဘူတာရုံတွင် ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြား ခန့်မှန်းတန်ဘိုး သိန်း ၁၀၀၀ ကျော်ဘိုး ပိုင်ရှင်မဲ့သိမ်းဆည်းရမိ ။
~~~~~~~~~~~~~~~~~~~~
ကျောက်မဲမြို့ ဘူတာရုံတွင် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁း၄၀ အချိန်က လာရှိုးမှမန္တလေးသို့မောင်းနှင်လာသော အမှတ် ၁၃၂ အစုန်ရထားပေါ်တွင် ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားအမြောက်အများသိမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ဖြစ်ပွားပုံမှ ရထားတပ်ဖွဲ့ တပ်ခွဲ ၅ တပ်စု ၂ ကျောက်မဲမြို့မှတပ်စုမှူး ဒုရဲအုပ်အောင်ဘိုဘိုဦးနှင့်အတူ ကျောက်မဲမြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ရဲအုပ်မင်းမင်း ခရိုင်မှု/ကူ အဖွဲ့တို့မှ ဘူတာရပ်ဝန်းလုံခြုံရေးဆောင်ရွက်နေစဉ် လားရှိုးမှမန္တလေးသို့မောင်းနှင်လာသော အမှတ်၁၃၂အစုန်ရထားဆိုက်ရောက်လာစဉ် ရထားလုံခြုံအေဖွဲ့ခေါင်းဆောင် ရဲတပ်ကြပ်ဝင်းကျော်ခိုင် တွဲထိန်းဇင်ရဲထွန်း တွဲတာဝန်ကျ ရဲတပ်သားလှိုင်ကျော်မိုးတို့နှင့်အတူ တွဲအမှတ် BDTEZ-12550 ရိုးရိုးတန်းတွဲ ( ၂ ) ပေါ်သို့တက်ရောက်စစ်ဆေးရာ ခရီးသည်မပါ ထိုင်ခုံနံပါတ် ၄၇ ၄၈ ၄၉ ၅၀ ထိုင်ခုံအောက်တွင် KQ တံဆိပ်ပါ တရုတ်စောင်အထုတ် ၂ ထုတ်အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် သက်သေများဖြစ်သော၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးတင့် နယ်မြေမှူးဦးသိန်းတန် ကျောက်မဲရုံပိုင်ကြီး ဦးစိုးလင်းတို့နှင့်အတူ ရထားရဲတပ်ဖွဲ့စုရုံး၌ ဖွင့်ဖေါက်စစ်ဆေးရာ တိပ်အဝါရောင်များဖြင်ပါတ်ထားသော မသင်္ကာဖွယ်ရာအထုတ် ၂ ထုတ်တွေ့ရှိရသဖြင့် ထပ်မံဖွင့်ဖေါက်စစ်ဆေးရာ အထုတ်အတွင်း ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်အမှုန့်များထည့်ထားသော ဆပ်ပြာခွက် ၈၈ ခွက် ( စုစုပေါင်းအလေးချိန် ၈၈၀ ဂရမ်ခန့် )နှင့် မှိုင်းခံစက္ကူဖြင့်ထုတ်လျှက် အပြာရောင်ကပ်ခွာအိတ်ငယ်တစ်အိတ်စီအတွင်းထည့်ထားသော စိတ်ကြွဆေးပြားဟုယူဆရသည့် ပန်းရောင် 88/1 စာတန်းပါ ၂၀၀ ပြားစီထည့်ထားသော အထုတ်ငယ် ၁၀ ထုတ်စီပါ အထုတ်ကြီး ၁၂ ထုတ် စုစုပေါင်းဆေးပြား ၂၄၀၀၀ နှင့် မှိုင်းခံစက္ကူဖြင့်ထုပ်လျှက် အပြာရောင်ကပ်ခွာအိတ်အတွင်း WY စာတန်းပါ ၂၀၀ပြားစီထည့်ထားသော အထုတ်ငယ် ၁၀ ထုတ်စီပါ အထုတ်ကြီး ၁၀ ထုတ် စုစုပေါင်းဆေးပြား ၂၀၀၀၀ တို့အားပိုင်ရှင်မဲ့တွေ့ရှိသဖြင့် ဒုရဲအုပ်အောင်ဘိုဘိုဝင်းမှသက်သေများရှေ့မှောက်တွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့သည်။ သို့ဖြစ်ပါ၍ မူးယစ်ဆေးဝါးများအား ရောင်းချရန်အလို့ငှာ သယ်ဆောင်လာသူအပေါ် စုံစမ်းအရေးယူနိုင်ရန် ကျောက်မဲရဲစခန်းမှ မယ( ပ ) ၄/၂၀၁၆ | မူး/စိတ်ပုဒ်မ ၁၉ ( က )အရ အမှုဖွင့်လှစ်ထားရှိပြီး ရဲအုပ်ကျော်ဇင်လတ်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
မင်္ဂလာထွန်း ( ကျောက်မဲ )
posted from Bloggeroid
No comments:
Post a Comment