Friday, January 22, 2016

ရေနံများအထွက်နုံန်းရော့ကျ

ကမ်းလွန်ရေနံလုပ်ကွက်များအနက် ရခိုင်ကမ်းလွန်ဒေသရှိ တစ်ပိုင်တစ်နိုင်ရေနံလုပ်ကွက်များမှ ရေနံစိမ်းအထွက်နှုန်းများ လျော့ကျလာဟုဆို

မြန်မာနိုင်ငံအတွင်းရှိ ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်ရေနံ လုပ်ကွက် ၄၆ကွက်အား ပြည်တွင်းပြည်ပကုမ္ပဏီ၃၃ခုဖြင့်ပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ခြင်းများလုပ်ဆောင်နေလျက်ရှိရာ ကမ်းလွန်ရေနံလုပ်ကွက်တစ်ခုဖြစ်သည့် ရခိုင် ပြည်နယ်၊ ကျောက်ဖြူကမ်းခြေတစ်လျှောက် တစ်ပိုင်တစ်နိုင် စက်ယန္တရားများအသုံးပြု၍ ရေနံစိမ်းတူးဖော်နေကြသည့် ရေနံလုပ်ကွက်များမှ ရေနံစိမ်းအထွက်နှုန်းများ လျော့ကျလာသည်ဟု သိရသည်။

ကျောက်ဖြူကမ်းခြေတစ်လျှောက်တွင် မလကျွန်း၊ လိပ်ခမော်၊ ရေနံတောင်၊ ချောင်းဝ အစရှိသည့် ရေနံတူးဖော်မှု လုပ်ကွက် ၆ခုရှိပြီး ရေနံတွင်းပေါင်းနှစ်ထောင်ကျော်ရှိကြောင်း၊ ရေနံတစ်တွင်း တူးဖော်စဉ်အချိန်မှစတင်ကာ ၅နှစ်မှ ၇နှစ်အထိ ရေနံ စိမ်းထုတ်ယူရရှိနိုင်ပြီး ရေနံစိမ်းတူးဖော်နေသည့် ရေနံလုပ်ကွက်များမှ ရေနံတစ်တွင်း၌ ပျမ်းမျှအားဖြင့် တစ်ရက် ရေနံစိမ်း နှစ်စည်ခွဲနှုန်းခန့် ထွက်ရှိခဲ့ရာမှ ၂၀၁၅ နှစ်ဝက်ခန့်မှစ၍ ရေနံစိမ်းထွက်ရှိမှုနှုန်း ထက်ဝက်ခန့်အထိ ကျဆင်းလာသည်ဟု သိရသည်။

“ကျောက်ဖြူဒေသခံအများစုက စိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းထက် မိရိုးဖလာ ရေနံတူးဖော်ခြင်းလုပ်ငန်းနဲ့ပဲ အများ ဆုံး အသက်မွေးဝမ်းကျောင်းပြုကြပါတယ်၊ အခုလက်ရှိအချိန်မှာ နှစ်ရက်ကို တစ်စည်နှုန်းလောက်ပဲထွက်တော့ လုပ်ရကိုင် ရတာ အဆင်မပြေတော့ဘူး၊ ရေနံတစ်တွင်းမှာ လုပ်သားသုံးဦးလုပ်ကိုင်ရတယ်၊ နေ့စဉ် လုပ်သားတစ်ဦးရဲ့လုပ်အားခ လေး ထောင်ကျပ်ရှိတယ်၊ ရေနံတစ်တွင်း အနက်ပေ သုံးရာကနေ လေးရာကျော်ထိတူးဖော်မှ ရေနံစိမ်းကောင်းကောင်းထွက်ပါ တယ်၊ အချိန်အားဖြင့် တစ်လမှနှစ်လထိ ကြာမြင့်တတ်တာကြောင့် စက်သုံးဆီ ကုန်ကျမှု၊ လုပ်အားခငှါးရမ်းရမှု အပါအ၀င် ငွေကြေးအားဖြင့် ကျပ်နှစ်သိန်းမှ ကျပ်လေးသိန်းဝန်းကျင်ထိ ကုန်ကျမှုရှိပါတယ်”ဟု ရခိုင်ကမ်းလွန်ဒေသတွင် ရေနံတူးဖော် နေသူတစ်ဦးက ပြောသည်။

ယခုအခါ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များမှ ရေနံစိမ်းထွက်ရှိမှုနှုန်း လျော့နည်းလာပြီး သဘာဝဓာတ်ငွေ့ထုတ် လုပ်နိုင်မှုတွင် နှစ်စဉ် တိုးတက်လျက်ရှိကြောင်း၊ ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်ဒေသတို့မှ သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တိုးတက်နေလျက်ရှိရာ ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချနိုင်မှုတွင် ၇၈ ရာခိုင်နှုန်းမှ ၈၁ ရာခိုင်နှုန်းအထိ တိုးမြင့် ပို့လွှတ် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရခိုင်ကမ်းလွန်ဒေသတွင် ရွှေ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းကို စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံတကာဖက်စပ် ရေနံကုမ္ပဏီများအား ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ်(PSC)ဖြင့် DAEWOO ကုမ္ပဏီအားချထားပေးကာ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုကို ဦးစားပေးထုတ်ယူနေလျက်ရှိကြောင်း၊ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ နေ့စဉ် ကုဗပေ သန်း ၅၀၅သန်းခန့် ထုတ်လုပ်ပေးနိုင်ပြီး ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ နေ့စဉ် ကုဗပေ သန်း ၄၀၀ ခန့်ရောင်းချပေးလျက်ရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

စွမ်းအင်ဝန်ကြီးဌာန ၊မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ စီမံကွပ်ကဲမှုဖြင့် ကုန်တွင်းပိုင်းနှင့် ကမ်လွန်ဒေသများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုပမာဏသည် ၂ဝ၁၁-၁၂ဘဏ္ဍာနှစ်မှ

ယခုဘဏ္ဍာနှစ်နိုဝင်ဘာလအထိ ရေနံစိမ်းစည် သန်းပေါင်း ၂၆ ဒသမ ၄၇ သန်း ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့ ၂၅၉၉ ဒသမ ၅၇ ကုဗပေ ဘီလီယံအထိ ထုတ်လုပ်နိုင်ခဲ့သည်ဟု စွမ်းအင်ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။

posted from Bloggeroid

No comments:

Post a Comment