Monday, January 25, 2016

ပြင်ဦးလွင်တောင်သူများစစ်တပ်ကဝိုင်လိုပဋိပက္ခဖြစ်ပွား

Popular News Journal added 8 new photos.

55 mins · 

ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး ၁၄ ညောင်နီကျေးရွာအုပ်စု မြောက်ခြံစုအရပ်မှာ ဒီနေ့ဇန်န၀ါရီ ၂၅ ရက်မနက်ပိုင်းကစလို့ တပ်မတော်နဲ့ဒေသခံတွေ မြေယာကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်သဘောထားတင်းမာနေကြပါတယ်။
ဒေသခံ အိမ်ထောင်စု ၂၈ ခုရဲ့၁၈ ဒသမ ၉၈ ဧကပေါ်က အိမ်ခြေယာမြေတွေကို အမှတ် ၉၅၈ ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ)က လက်နက်အင်အားလူအင်အားအလုံးအရင်းနဲ့ဖယ်ရှားရှင်းလင်းဖို့ကြိုးစားရာကနေ နှစ်ဖက်သဘောထားတင်းမာနေကြတာဖြစ်ပြီး 
ဒေသခံတွေပြောစကားအရတော့ ဒီမြေယာတွေဟာ သူတို့အစဉ်အဆက်နေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့ မြေယာတွေဖြစ်တယ်လို့သိရပါတယ်။
“စစ်တပ်အင်အား ၁၅၀ လောက်၊ ရဲအင်အား ၅၀ လောက်၊ အလုပ်သမား ၁၅၀ လောက်နဲ့ လက်နက်တွေလည်းပါတယ်၊ သေနတ်တွေ ၀ါးချွန်တွေ ဒိုင်းတွေ လေးဂွတွေနဲ့ သူတို့ကလာလုပ်နေတာပါ၊ ပြီးခဲ့တဲ့လ ၃၁ ရက်နေ့နောက်ဆုံးထားဖယ်ကြပါဆိုပြီး စာနဲ့အကြောင်းကြားပါတယ်၊ ဒီနေ့မနက်တော့ အင်အားသုံးပြီးခြံစည်းရိုးလာခတ်ပါတယ်၊ အိမ်တွေပါဖျက်မယ်ဆိုလို့ ကျွန်တော်တို့စိုးရိမ်နေကြပါတယ်၊ သူတို့မှာဘူဒိုဇာတွေလည်းပါတယ်" လို့ မြေ ၄ ဧကကျော်သိမ်းခံထားရတဲ့ ဦးကူးမားကပြောပါတယ်။
လက်ရှိအခြေအနေမှာ အိမ်ဖျက်တာတွေမရှိသေးဘဲ ဒေသခံတွေဘက်ကတော့ သိမ်းထားခံရတဲ့သူတို့ရဲ့မြေယာတွေကိုပြန်ရဖို့ အဆုံးအထိပြန်ကြိုးစားသွားကြမယ်လို့ပြောဆိုနေကြပါတယ်။
အခင်းဖြစ်နေရာကို သတင်းထောက်လေးယောက်ရောက်ရှိနေပြီး တာဝန်ရှိအကြီးအကဲတွေနဲ့တွေ့ဆုံမေးမြန်းဖို့ကြိုးစားပေမယ့်လည်း တာဝန်ကျအရာရှိက ဒီနေရာကအမြန်ဆုံးထွက်သွားဖို့နဲ့ဓာတ်ပုံမရိုက်ဖို့သာ ပြောဆိုနှင်ထုတ်ပါတယ်။
ပြသနာဖြစ်ပွားနေတဲ့နေရာက တပ်မတော်အဆင့်မြင့်အရာရှိကြီးများပိုင်ဆိုင်တဲ့ရွှေပုဇွန်ကုန်းအိမ်ယာစီမံကိန်းအနီးတည်ရှိတာပါ။
Popular News



posted from Bloggeroid

No comments:

Post a Comment