Saturday, January 30, 2016

မန္တလေးသတင်း

မန်းစည်ပင်ကြီးမှုးသည့် သန့်ရှင်းရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးစံပြအကောင်းဆုအား အထက၂၆ နှစ်နှစ်ဆက်တိုက်ပထမဆုရရှိ
မန္တလေး ဇန်နဝါရီ ၂၆
စိုးကြီး
မန္တလေးမြို့တော်၊စည်ပင်သာယာရေးကော်မတီက ကြီးမှုးကျင်းပသည့် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစံပြအကောင်းဆုံးဆုအား မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊အထက ၂၆ကျောင်းမှ နှစ်နှစ်ဆက်တိုက် ပထမဆုရရှိခဲ့ကြောင်းသိရသည်။
ယခုလ ၂၆ရက်က မန္တလေးမြို့၊ပညာရေးကောလိပ်တွင်ကျင်းပသည့် အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် ၂၀၁၅ခုနှစ်အတွက် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကောင်းဆုံးကျောင်းများကို ရွေးချယ်ခဲ့ရာ ပထမဆု အထက(၂၆)၊ဒုတိယဆု အထက(၄)နှင့် တတိယဆုတို့ကို အထက ၃၀တို့က အသီးသီးရရှိခဲ့ခြင်းဖြစ်ပြီး ကမ္ဘာမြေကိုကာကွယ်ဖို့ ပတ်ဝန်းကျင်ကိုထိန်းသိမ်းစို့ခေါင်းစဉ်ဖြင့် ကျင်းပသော စာစီစာကုံးပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်သည့် မန္တလေးမြို့ရှိ အခြေခံပညာအထက်တန်း၊အလယ်တန်းကျောင်းများမှ ဆုရ ကျောင်းသား၊ကျောင်းသူ ၃၆ဦးအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူများနှင့်ပညာရေးဌာနမှ တာဝန်ရှိသူများက ဆုချီးမြှင့်ပေးခဲ့ကြသည်။

မန္တလေးမြို့တွင်ရှိသော ကျောင်းများသို့သွားရောက်ကာ ကျောင်းသူကျောင်းသားများအား အမှိုက်စွန့်ပစ်မှုနှင့်ပက်သက်ပြီးအသိပညာပေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း၊ကျောင်းသားတစ်ဦးချင်းဆီ၏ အမှိုက်စွန့်ပစ်မှုစနစ်ကျလာပါက တကျောင်းလုံးရှိ အမှိုက်စွန့်ပစ်မှုကောင်းမွန်လာမည်ဖြစ်ပြီးထိုမှတဆင့် အိမ်တွင်းအမှိုက်စွန့်ပစ်မှုများပါ တိုးတက်လာမည်ဖြစ်ကာ ပတ်ဝန်းကျင်သာယာသန့်ရှင်းလာစေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပပေးခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်၊စည်ပင်သာယာရေးကော်မတီဝင်(၉)ဒေါက်တာသွင်ကျော်ကျော်က ပြောသည်။
အထက ၂၆သို့ ကျောင်းအုပ်ကြီးရာထူးဖြင့်ရောက်ရှိလာကတည်းက ကျောင်းသားများသဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတက်စေရန်၊သစ်ပင်ပန်းမန်များစိုက်ပျိုးမှုကို ဝါသနာပါလာစေရန်၊စွန့်ပစ်အမှိုက်များကို စနစ်တကျစွန့်ပစ်တက်စေရန် အချိန်ပေးလုပ်ဆောင်ပေးခဲ့ပြီးယခုကဲ့သို့ နှစ်နှစ်ဆက်တိုက် ဆုရရှိမှုကြောင့် ဝမ်းသာဂုဏ်ယူပါကြောင်း အထက ၂၆ကျောင်းအုပ်ဆရာကြီးဒေါက်တာသန်းထိုက်စိုးက ပြောသည်။

posted from Bloggeroid

No comments:

Post a Comment