Tuesday, January 26, 2016

မြင်းခြံမြို့နယ်ဆီမီးခုံးအုပ်စုက စိုက်ပျိုးရေးများ



ကျေးလက်ဒေသတွေရဲ့စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်လျှက်ရှိဟုဆို

==================================================
မန္တလေးတိုင်း မြင်ခြံမြို့နယ်အတွင်းကကျေးရွာတွေဟာစိုက်ပျိုးရေးကိုအဓိ
ကထားသောသီနှံစုံတွေဟာမြန်မာနိုင်ငံအတွက် မရှိမဖြစ်လိုအပ်သော
ဒေသထွက်ပစ္စည်းတွေအဖြစ်တည်ရှိနေတာကိုတွေရပါတယ်။

ဒေသထွက်ပစ္စည်းဖြစ်သော စိုက်ပျိုးရေးထွက်ကုန်တွေဟာ ဒေသခံတောင်
သူတွေ ဈေးကောင်းမရတာတွေ အများကြီးကိုလေ့လာတွေ့ရှိရပါတယ်
တောင်သူတွေကိုလေလာမေးမြန်ချက်တွေအရ နွေ မိုး ဆောင်း သုံးရာသီ
လုံး အမြဲမပြက်စိုက်ပျိုးလုပ်ကိုင်လျှက်ရှိကြောင်း အဓိက စိုက်ပျိုးကြသော
သီနှံတွေကတော့ ကြက်သွန် ဆေးရွက်ကြီး နှံ ပဲစနမ်းငုံ ဝါ ကုလားပဲ
မြေပဲ များကိုရာသီအလိုက် စိုက်ပျိုးဖြစ်တာများတယ်လိုဒေသခံတွေထံမှ
တစ်ဆင့်သိရှိရပါတယ်။

"ဒီရာသီကတော့ ကျွန်မတို့ဒေသမှ ဆေးရွက်ကြီး အများဆုံးစိုက်ပါတယ်
အခုကျွန်မတို့လုပ်နေတာက ဆေးရွက်ကြီးကိုအတက်ဖဲ့နေတာ ဆေးရွက်
အပေါ်အညွန့် ထွက်လာတာတွေဖဲ့ပေးမှ အရင်ထွက်ထားသောအရွက်က
ကြီးထွားလာတာဖြစ်ပါတယ် ဆေးရွက်အတော့ ၄ လ ၅ လလောက်ကြပါ
တယ် အရွက်ဆေးသားပြည့်ရင်ရောင်လို့ရပါပြီး ဒီနှစ်ဆေးကတော့မသိ
သေဘူး မနှစ်ကတော့ တစိပိုကို တစ်သိန်းခွဲ တစ်သိန်းခြောက်သောင်း
လောက်ရပါတယ် ကျွန်မတို့ကတော့ ကိုဒေသမှဘဲရောင်တာများပါတယ်
မန္တလေးသွားရောင်ရင် လမ်းစရိတ်နဲ့ ဈေးနိမ်ခံဝယ်တာတွေရှိတယ်သူရာ
သီအလိုက် ထွက်ကုန်တွေကို ရွာမှဘဲရောင်တာပါဟုတောင်သူဒေါ်မြင့်အေ
းကပြောပါတယ်" ။

"ပဲစိမ်းငုံ ရိတ်သိမ်းနေတာပါ ဒီနှစ်ကျွန်တော်ရွာပေါက်ဈေးကတော့ ၆၀၀၀၀
ဖြစ်ပါတယ် ပဲပွဲစားတွေဒီအထိ သူတို့ကားနဲ့လာဝယ်ဈေးဖြစ်ပါတယ်
ဒီပဲကိုတော်သလင်းလထဲ့က စိုက်ပျိုးလာတာ အခုပြာဆိုလအတွင်မှ ရိတ်
သိမ်းတာဆိုတော့ ၅ လ ကျော် ၆ လလောက် စိုက်ပျိုးရတာဖြစ်ပါတယ်
ဈေးကောင်ရသည်နှစ်ဆိုရင်တောင်သူတွေအနေနဲ့ အဆင်ပြေကြပါတယ်
ဈေးမကောင်းဘူးဆို အလုပ်သမားခတောင် ပြန်ရအောင် လုပ်ယူရသည့်
နှစ်တွေရှိပါတယ် တောင်သူတွေဆိုတာ ကောင်လိုက်မကောင်လိုက်ဘဲ
အဖျက်မိုးတွေ အပွင့် ပွင့်ချိန်ရွာလို အသီနည်းတာတွေရှိသလို အခုနှစ်
လိုအဆင်ပြေသောနှစ်တွေ လဲတောင်သူတွေမှရှိကြပါတယ် ဒီနှစ်ကတော့
ကျွန်တော်တို့ဒေသတွေမှာတော့ ဘာစိုက်စိုက်အားလုံးအောင်မြင်ကြတယ်
ဟုတောင်သူ ဦးထွန်းသိန်းကပြောသည်။

ကျွန်တော်တို့တောင်သူတွေက ဒီနှစ် ဒီသီနှံဈေးကောင်ရလို နောက်နှစ်
အဲဒီသီနှံ လိုက်စိုက်ပျိုးလိုမရဘူး မနှစ်ကဆို ကြက်သွန် တစ်ပိသာ ၄၀၀
တောင်ဝယ်မယ်သူမရှိဘူး ဒီနှစ်ကြက်သွန်ဈေး ၁၀၀၀ ကျော်အထိရောင်
ရတာ ကြက်သွန်းကတော့ မျိုးဥပျိုးထားပြီးသားဝယ်စိုက်ကြတာပါ
၎ လလောက်တော့ စိုက်ပျိုးကြရပါတယ် ဒီနှစ်တော့ ဒီဒေသထွက်စိုက်ပျိုး
ရေးလုပ်ငန်းတွေအားလုံးအောင်မြင်ကြပါတယ်ဟု တောင်သူဦးဇော်မင်း
ကပြောသည်။

ဒီနှစ်တော် ကျွန်တော်တို့မိသားစု ကုလားပဲဈေးကောင်းလိုအလှူတောင်
လှူနိုင်ပါတယ် ကုလားပဲတင်မဟုတ်ပါဘူး ကျွန်တော်တို့စိုက်ပျိုးလုပ်ကိုင်
သူတောင်သူတွေ အားလုံး အဆင်ပြေမှု့ရှိပါတယ် တစ်ဧကကို ၁၁တင်
လောက်ထွက်တယ် တစ်အိမ်ကို တစ်သိန်းခြောက်သောင်ထိရောင်ရလို
အားလုံးအဆင်ပြေပါတယ် တစ်တည်မစိုက်ပါဘူး အလည့်ကြ စိုက်သွား
တာပါ မြေပဲ လည်းအတူတူပါဘဲ ဟုဒေသခံတောင်သူဦးဖိုးလုံးကပြောသည်။

posted from Bloggeroid

No comments:

Post a Comment