Friday, January 22, 2016

သတင်းဂျာန်



News Watch(စောင့်ကြည့်သတင်းဂျာနယ်)

“ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းနှင့်အဖွဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာကို ကြည့်ရှုစစ်ဆေး၊ အခန်းတွင်း မွှေးကြိုင်နေသဖြင့် ကြိုတင်စီစဉ်ထားသလားဟု သူရဦးရွှေမန်း မေး”

ယနေ့ ဇန်န၀ါရီ ၂၁ ရက် မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းနှင့်အဖွဲ့များသည် လွတ်တော်သက်တမ်းသစ်တွင် တက်ရောက်မည့် လွတ်တော်ကိုယ်စားလှယ် ၆၁၇ ဦးတို့၏ နေထိုင်စားသောက်မှုအတွက် နေပြည်တော် စည်ပင်ဧည့်ရိပ်သာတာဝန်ရှိသူများ စီစဉ်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းညွှန်မှုပေးခဲ့ကြောင်း သိရသည်။ စည်ပင်ဧည့်ရိပ်သာ တာဝန်ရှိသူများမှ စီစဉ်ထားရှိမှုအခြေအနေကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြပြီး NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ဧည့်ရိပ်သာဝင်အတွင်း အလင်းရောင်ရရှိစေရေး ဆောင်ရွက်ပေးရန်ပြောကြားခဲ့ကြောင်း၊
ဒေါက်တာဇော်မြင့်မောင်က ဧည့်ရိပ်သာ တည်းခိုနေထိုင်စရိတ် တနေ့ ၅၀၀၀ ကျပ်ကို လွှတ်တော်ရုံးက ဖြတ်တောက်ပေးရန်၊ ကိုယ်စားလှယ်များ ခွင့်သွားသည့်ရက်များသည် နေ့တွက်စရိတ်မရသည့်အတွက် တည်းခိုစရိတ်ကိုအစဉ်ပြေအောင် ဆောင်ရွက်ပေးပေးရန် တင်ပြခဲ့ကြသည်။ ယင်းအပေါ် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အသစ်ကျင်းပမည့် ဒုတိယလွှတ်တော်သက်တမ်းမှစ၍ လွှတ်တော်ကိုယ်စားလှယ်များထံမှ ဧည့်ရိပ်သာတည်းခိုစရိတ် တစ်လ ကျပ်တစ်သိန်းသာ ကောက်ခံရန် ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဧည့်ရိပ်သာတာဝန်ရှိသူများက ကိုယ်စားလှယ်တည်းခိုဆောင် အခန်းတခန်းအား နမူနာပြသစဉ် အခန်းအတွင်း မွှေးကြိုင်နေသဖြင့် “မင်းတို့ ကြိုတင်စီစဉ်ထားတဲ့ အခန်းကို ပြသလား”ဟု သူရဦးရွှေမန်းက မေးမြန်းခဲ့သည်။

ဧည့်ရိပ်သာတည်းခိုခမှာ မူလကတစ်နေ့ ၂၀၀၀ိကျပ်ဖြစ်ပြီး၊ ရွေးကောက်ပွဲအပြီးတွင် တစ်နေ့ ၅၀၀၀ိ ကျပ်သို့ တိုးမြှင့်ကောက်ခံခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တိုးမြှင့်ကောက်ခံရာတွင်လည်း ၂၀၁၅ ဧပြီလမှစ၍ နောက်ကြောင်းပြန်ကောက်ခံခဲ့သည့်အတွက် တစ်ဦးလျှင် သုံးသိန်းကျော်ဖြစ်သွားသည့်အတွက် ကိုယ်စားလှယ်များအကြား အဆိုပါကိစ္စနှင့်ပါတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထွန်း (နေပြည်တော်)

posted from Bloggeroid

No comments:

Post a Comment