Saturday, January 30, 2016

ကမ္ဘာဖလားအတွက်မြန်မာလက်ရွေးစင်အသင်း

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း ထုတ်ပြန်

=========================
=========================

လာမည့် မတ်လအတွင်း ယှဉ်ပြိုင်ရမည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်နှင့် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲတို့အတွက် မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယခုဖွဲ့စည်းလိုက်သည့် ကစားသမားစာရင်းတွင် ဒဏ်ရာရရှိနေသူများနှင့် လက်ရှိပြည်တွင်းလိဂ်ပြိုင်ပွဲများတွင် ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေသည့် ကစားသမားများ ပါဝင်လာခဲ့သည်။ ထို့ပြင် ဒဏ်ရာကြောင့် ကာလရှည်ကြာစွာ အနားယူနေရပြီး ကလပ်အသင်းနှင့်ပင် ပူးပေါင်းလေ့ကျင့်နိုင်ခြင်း မရှိသေးသည့် ငြိမ်းချမ်းအောင်ကိုလည်း ရွေးချယ်ထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် ဖေဖော်ဝါရီ ၃ ရက်မှ စတင်ကာ အပတ်စဉ် တစ်ပတ်လျှင် တစ်ရက်လေ့ကျင့်မည်ဖြစ်ပြီး မတ် ၁၄ ရက်တွင် စခန်းဝင်လေ့ကျင့်မည်ဖြစ်သည်။

ပဏာမ မြန်မာ့ လက်ရွေးစင် အသင်း

ဂိုး – ပြည့်ဖြိုးအောင် (Southern)၊ ကျော်ဇင်ဖြိုး (မကွေး)၊ မျိုးမင်းလတ် (ရှမ်းယူနိုက်တက်)။

နောက် – ဒေးဗစ်ဒန်း၊ ဇော်မင်းထွန်း၊ သိန်းဇော် (ရန်ကုန်)၊ ကျော်ဇင်လွင်၊ နန္ဒကျော် (မကွေး)၊ ဇော်လင်း၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင် (ရှမ်းယူနိုက်တက်)၊ အောင်ဇော် (ဟံသာဝတီ)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ ရဲဝင်းအောင် (ရတနာပုံ)။

လယ် – လှိုင်းဘိုဘို၊ ရဲကိုဦး၊ မျိုးကိုထွန်း၊ သက်နိုင် (ရတနာပုံ)၊ ရန်အောင်ကျော်၊ ကျော်မင်းဦး၊ ကြည်လင်း၊ ငြိမ်းချမ်းအောင် (ရန်ကုန်)၊ ရန်နိုင်ဦး (ဇေယျာရွှေမြေ)၊ မောင်မောင်လွင် (ဟံသာဝတီ)၊ သီဟဇော် (ဧရာဝတီ)၊ နေလင်းထွန်း (ရှမ်းယူနိုက်တက်)။

ရှေ့ – အောင်သူ (ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်)၊ ဆောင်လန်မန် (ချင်းယူနိုက်တက်)။


posted from Bloggeroid

No comments:

Post a Comment