ပြည်ခိုင်ဖြိုးကျေးရွာဟုသော ကျေးရွာ၏ရှေ့တွင်တပ်ထားသောဆိုင်ဘုတ်
များ ရွာအချို့ ဖြုတ်
==================================================
မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံးအုပ်စုအတွင်းရှိကျေးရွာများ၏ရှေ့
တွင် ပြည်ခိုင်ဖြိုးကျေးရွာဟုတပ်ထားခြင်းများအား ကျေးရွာအုပ်ချုပ်ရေး
မှူးမသိအောင် လူငယ်တွေ လိုက်လံဖြုတ်သည့်ကျေးရွာများ ရှိသည်ဟု
ဒေသခံတွေပြောပြချက်အရသိရသည်။
ပြည်ခိုင်ဖြိုးကျေးရွာဟုသော ဆိုင်ဘုတ်တွေက ရွာတွေက လက်ခံလို
တပ်ထားတာမဟုတ်ပါဘူး ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အုပ်ချုပ်ရေး
အဆင့်ဆင့်က ကျေးလက်ဒေသ ဖွံဖြိုးရေးအတွက် မတပ်မနေရဆိုပြီး
သူတို့ လာတပ်သွားကြတာပါ ကျေးရွာဖွံဖြိုးရေးအတွက်လမ်းပြင်
တံတားဆောက် စာသင်ကျောင်းဆောက် လုပ်တာတွေရှိပါတယ် ရွာတွေ
အားလုံး ဒီဆိုင်ဘုတ်တပ်ခံရတာဟာ ပြည်ခိုင်ဖြိုးပါတီဟုမပေါ်ခင်ထဲ့က
ပြည်ထောင်စုကြံခိုင်ရေးဖွံဖြိုးရေးအသက်းအနေနဲ့ မဝင်မနေရ အသင်ဝင်
အဖြစ် ဝင်ကြရာကနေ မြင်းခြံနယ်တစ်ခုလုံး ရွာတွေအားလုံး ပြည်ခိုင်ဖြိုး
ပါတီ ဖြစ်လာတော့ ပြည်ခိုင်ဖြိုးကျေးရွာတွေဖြစ်လာခဲ့ရတာဟုဒေသခံ
တစ်ဦးကပြောသည်။
ဒီလို ဆိုင်ဘုတ်တွေ တပ်ထားတော့ ဘယ်သူမှတော့မကြိုက်ပါဘူး
ဒါပေမဲ့ အုပ်ချုပ်ရေးမှူးတွေကိုကြောက်လို ဘယ်သူမှမပြောရဲကြဘူး
လူငယ်တစ်ချို့ကတော့ မကြိုက်လို လိုက်ပြီး ထိုးခွာထားတာတွေရှိတယ်
လူကြီးတွေကတော့ မမြင်ချင်ရောင်ဆောင်နေတာတွေရှိတယ်
ဖြုတ်တဲ့ရွာတွေလဲရှိတယ် မဖြုတ်ရသေသည်ရွာတွေလဲရှိသေတယ်
ရွာတွေအားလုံးလွတ်လွတ်လပ်လပ် ဖြစ်သွားအောင် အများကတော့
ဖြုတ်ပေးစေလိုပါတယ်ဟု ဒေသခံများကပြောသည်။
ဒီဆိုင်ဘုတ်တွေက ကျွန်တော်တို့လက်ထက်မှမဟုတ်ပါဘူး အရင် အုပ်ချုပ်
ရေးမှူးတွေရဲ့ လက်ထက်တွေက တပ်သွားတာ ပြည်ခိုင်ဖြိုးကျေးရွာ ဖြစ်
တိုင် ပြည်ခိုင်ဖြိုးပါတီ ဝင်တွေနေသောရွာမဟုတ်ပါဘူး ၂၀၁၅ အထွေထွေ
ရွေးကောက်ပွဲမှ ဒီရွာတွေအားလုံး ပြည်ခိုင်ဖြိုး ပါတီ အနိုင်မရပါဘူး
အားလုံးလွတ်လပ်စွာ မဲပေးခွင့်ရှိပါတယ် ဒီဆိုင်ဘုတ်တွေကလဲ အထက်
က လာတက်သွားတာမို့ ကျွန်တော်တို့လက်ထက်တွေမှ မဖြုတ်ဘဲယနေ
တွေထိ ရှိနေတာပါဟု ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ချို့ကပြောသည်။

posted from Bloggeroid
No comments:
Post a Comment