သုံးရလွယ်ကူစေသည့် Link များ
ပင်မအကြောင်းအရာသို့ကျော်ကြည့်ရန်ပင်မအညွန်းစာမျက်နှာသို့ကျော်ကြည့်ရန်ရှာဖွေရန်နေရာသို့ကျော်ရန်

နိုင်ငံတကာ
အမေရိကန် တိုက်တွင်း Zika ဗိုင်းရပ်စ် ပျံ့နှံ့မှု WHO သတိပေး
28.01.2016 22:45
ဗွီအိုအေ (မြန်မာပိုင်း)

ခြင်ကနေတဆင့် ကူးစက်တဲ့ Zika ဗိုင်းရပ်စ် ရောဂါပိုး
မျှဝေပါ
သန္ဓေသားကို ထိခိုက်စေပြီး ဉာဏ်ရည်မမှီ ကိုယ်ခန္ဓာ ချို့ယွင်းချက်တွေ နဲ့ မွေးဖွားလာစေတဲ့ Ziki ဗိုင်းရပ်စ် ရောဂါပိုးဟာ အမေရိကတိုက်မှာ ပျံ့နှံနေပြီး လူပေါင်း ၄ သန်းလောက်အထိ ကူးစက်ခံရနိုင်ခြေရှိတယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက သတိပေးလိုက်ပါတယ်။ ခြင်ကနေတဆင့်ကူးစက်တဲ့ ဒီရောဂါပိုးဟာ အစောပိုင်းမှာ လူသားတွေအပေါ် သိတ်အန္တရာယ် မရှိလှပေမယ့် နောက်ပိုင်းမှာ အများပြည်သူကျန်းမာရေးအပေါ် ခြိမ်းခြောက်မှုအဖြစ် လျင်လျင်မြန်မြန် ကြီးထွားလာပါတယ်။
၁၉၄၇ ခုနှစ်က ယူဂန်ဒါမှာ Zika ဗိုင်းရပ်စ်ကို တွေ့ရှိတာဖြစ်ပြီး တကမ္ဘာလုံးကို ပျံ့နှံသွားတာလို့ WHO ညွှန်ကြားရေးမှုးချုပ် Margaret Chan က ပြောပါတယ်။ ဒီလိုရောဂါပိုး ပျံ့နှံ့သွားပြီးနောက်ပိုင်းမှာ ရောဂါပိုးကူးဆက်ခံရသူ ကိုယ်ဝန်ဆောင် မိခင် ထောင်နဲ့ချီရဲ့ သန္ဓေသားတွေမှာ ဦးနှောက်နဲ့ဖွံ့ဖြိုးမှု ဆိုင်ရာရောဂါတွေ ဆက်စပ်ဖြစ်ပွါးလာတာပါ။ အမေရိကားမှာ ဒီ Zika ဗိုင်းရပ်စ်ဟာ အရှိန်အဟုန်နဲ့ ပျံ့နှံ့လာပြီလို့ Geneva မှာ လုပ်တဲ့ WHO အရေးပေါ်အစည်းအဝေးမှာ WHO အကြီးအကဲ Chan က ပြောပါတယ်။
ဗွီအိုအေ၏ လူမှုကွန်ယက်များ
သတင်းအစီအစဉ်အင်္ဂလိပ်စာလေ့လာဖို့ရုပ်သံအစီအစဉ်နှင့်

ဗွီဒီယိုသတင်းများရေဒီယိုဆက်သွယ်ရန်ဗွီအိုအေအကြောင်းဗွီအိုအေဆိုက်တ်အပြည့်သို့သွားရန်

posted from Bloggeroid
No comments:
Post a Comment