မန္တလေးမြို့ ပရိယတ္တိသာသနာ့ဗိမာန် (ဦးလှသိန်းဗိမာန်) တွင် အမေနေ့ အ ခမ်းနားကျင်းပရက်မတိုင်မီ တွင် မိဘခြေရာ လာရောက်ခံယူသူဦးရေ ၆၀ ကျော်ရှိ ကြောင်းပွဲဖြစ်မြောက်ရေ ဦးဆောင်ကျင်းပသူဦးဖုန်းမြင့် အောင် က ပြော သည်။
"တနှစ် ကို တကြိမ် ကျင်းပတာပါ ဆရာကြီး ဦးသုခ က ၉ ကြိမ်မှီသွား တာပါ မိဘ ခြေရာကို အမေနေ့ မတိုင် ခင် ၅ ရက် လောက်ကတဲ့က မိဘ ခြေရာကိုယူတာပါ တနှစ်ထက် တ နှစ်ထက် တနှစ် လာယူတဲ့သူ များ လာပါတယ် " ဟု ၎င်းကပြောသည်။
အဆိုပါအခမ်းနာကို ၈၅ လမ်း နှင့် ၃၄ လမ်း- ၃၅လမ်းကြားတွင်း ကျင်း ပခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက် မှ ၂၃ ရက်နေထိ နံနက် ၉ နာရီမှ နေ့လည် ၂နာရီထိ ခြေတော်ရာ ခံယူ မည်ဖြစ်ကာ ၂၄ ရက်နေ့တွင် အမေ နေ့ပွဲကျင်းပမည်ဖြစ်ကြောင်း သိရ သည်။
"အမေကျေးဇူးကို မသိရင် သူများ ကျေးဇူးသိဖို့တော်တော်ခက်ပါတယ် အမေကျေးဇူးကို သိပြီးတော့ လက် တွေ့ပေးဆပ်တဲ့ သားသမီးတွေ ဖြစ် လာဖို့နဲ့ တိုင်းပြည်မှာ လူတော်လူ ကောင်းတွေပေါ်ထွန်းလာဖို့ ရည်ရွယ် ချက်နဲ့ လုပ်တာပါ" ဟု ပွဲဖြစ်မြောက် ရေးဦးဆောင်ကျင်းပသူ ဦးဖုန်းမြင့် အောင်က ဆက်လက်ပြောကြား သည်။
အမေနေ့နှင့် မိဘခြေရာ ခံယူပွဲကို ၁၉၉၇ ခုနှစ်မှ စတင် ကျင်းပခဲ့ပြီး ယနေ့အချိန်ထိ နှစ်ပေါင်း ၂၀ ကြာ မြင့်ခဲ့ပြီး ရပ်ဝေးမှ အသက်ရွယ်ကြီး မလာရောက်နိုင်သည့် မိဘများအား ခြေရာယူသည့်ပစ္စည်းများနှင့် ခြေရာ ယူနည်းသင်းကြားပေးလျှက်ရှိပြီး ဆရာအော်ပီကျယ်ဆရာဏွဏ်သွေးအိမ်ဆရာမမေကြော့ရှင်းတို့ကအမေနှင့်ပါတ်သက်၍ကျေးဇူးဂုဏ်ရည်တို့ကိုထင်ထင်ရှားရှားသိမြင်လာအောင် ဟောကြားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အမေနေ့အခမ်းနားတွင် ဟောပြောပွဲကို နေလည် တစ်နာရီ တွင် ကျင်းပမည်ဖြစ်ပြီး နံနက်ပိုင်း တွင် ဘုန်းကြီးများဆွမ်းကပ်ကာ အမေနေ့ ကဗျာနှင့် ဝတ္ထူ ဆုရရှိသူ များလည်း တက်ရောက်ကြမည် ဖြစ် ကြောင်းသိရသည်။

posted from Bloggeroid
No comments:
Post a Comment