Saturday, January 30, 2016

အက္ခရာ ၈ လုံးမသင်ဘူးလားမြန်မာစာ

မြန်မာစာ အက္ခရာ ၈ -လုံးမသင်ဘူးလား ဆိုတဲ့ ကိစ္စ ။

ဇန်န၀ါရီ ၃၀ ။
မြန်မာစာပေမှာဗျည်း ၃၃ လုံး ရှိရာမှာ အရေးခက်တဲ့ ၈ လုံးကို မသင်သေး ဘူးဆိုတာနဲ့ပတ်သက်လို့ မန္တလေး မှာ KG+သင်ရိုးညွှန်းတန်း ပို့ချသင်ကြား တဲ့ သင်တန်း ဖွင့်ပွဲမှာ မေးမြန်းစုံစမ်းခဲ့ပါတယ်။

သူငယ်တန်းလို့အလွယ်သုံးလိုက်တာက အက္ခရာ ၈- လုံးပြဿ နာကြီး မားစေတယ်လို့ ယူဆမိတယ်။မူကြို လို့ မသုံးဘဲ (KG+သူငယ်တန်း)တဲ့။

လက်ရှိသူငယ်တန်း-ကျောင်းမထားခင် ပြင်ပမှာ မူကြိုထားခြင်းဖြင့် ကလေးကို ''ကျောင်း''ဆိုတာနဲ့စတင်ထိတွေ့စေကြတယ်။ကျောင်းပျော်ေ အာင် ထားကြသလို စာတတ်တာစောအောင် ထားကြတယ်။

အက္ခရာ-၈ လုံးကို မသင်ဘူးဆိုတာက မူကြို ကျောင်း ထားသလိုပဲ လို့ပြောရ မယ့် KG(KG+သူငယ်တန်း)ပါ။အကြိုသူငယ်တန်းပေါ့။ရှေးတုန်းကလို သူငယ်တန်းလေး/ သူငယ်တန်းကြီးပုံစံ ဖြစ်လာပြီး လက်ရှိထက် ပညာ သင်နှစ်က တစ်နှစ်ပို သွားမယ်။

အရေးထက် အသံ(အဖတ်)ကို အဓိကသင်ကြား မှာဖြစ်လို့ ထို ၈-လုံးကို လပိုင်းလောက် ဖြုတ်ထားပြီး ''ကျောင်း''ဆိုတာပျော်စရာဖြစ်အောင် သင်ရိုးရေး ဆွဲထားပါသတဲ့။KG+ သူငယ်တန်းနှစ်နောက်ဆုံး လက်ကျန် ၃ လမှာ ချန်ခဲ့တာတွေသင်ကြားမယ်လို့ ဆိုပါတယ်။

ခုလိုဆိုရင်တော့ ပုံမှန်သင်ကြားမှုအတိုင်းသူငယ်တန်းစာသင်နှစ်မှာဗျည်း ၃၃-လုံး အရေး/အဖတ် အပြည့်အစုံဖြစ်သွားပါ လိမ့်မယ်။

အဲတော့ လာမယ့် ၂၀၁၆-၁၇ ပညာရေးစနစ်အရ ၅-နှစ်မှာ ကျောက်းအပ် လက်ခံပြီး (KG+သူငယ်တန်း)က စမယ်။ဒဿ မတန်းထိဆိုတော့ ကျောင်း စာသင်နှစ်က (၁၂) နှစ်ဖြစ်မှာပါ။ပုံမှန်သွားရင်(၁၇)နှစ်မှာ ဒဿ မ တန်းဖြေဆိုပြီး၁၈ နှစ်မှအခြေခံပညာရေးက လွတ်မြောက်ပါလိမ့်မယ်။ ။

သင်တန်းဖွင့်ပွဲ။အမှတ် ၄(အထက်တန်းကျောင်း)၂၉ ဇန်နဝါရီ ၂၀၁၆ ။

posted from Bloggeroid

No comments:

Post a Comment