Tuesday, January 26, 2016

ဏီမိုးဝေ ရဲကဗျာ

"အလှည့်ကျ မနွှဲ့စတမ်းနော်………"

လူစိတ်ပျောက် နှုတ်ဆက်ခြင်းနဲ့
ရက်စက်ပြနေတာလား
သမိုင်းကိုလှည့်ပြောင်းဖို့ ဘဝတွေကိုချနင်းနေတာလား
မျက်ရည်တွေက မင်းတို့အတွက်ပန်းလား
ငိုသံတွေက မင်းတို့အတွက် ရီစရာလား
မင်းတို့အတွက်ကျောတစ်ခင်းစာကမခက်ပေမယ့်
ငါတို့အတွက်သေဖို့နေရာတောင် လွယ်လွယ်မရဘူး။
ဘာကိုကာကွယ်တာလဲ
ဘာကိုလိုက်နာတာလဲ
ဘာကိုနားထောင်တာလဲ
မင်းတို့နားတွေက မိစ္ဆာရဲ့အမိန့်ကိုနာခံနေသမျှ
ပြည်သူရဲ့အသံက မင်းတို့နားထဲမှာ သံရည်ပူတွေဖြစ်နေတော့
ဝဋ်ဆိုတာလည်းမကြောက်
သံသရာဆိုတာလည်းမကြောက်

မင်းတို့မှာ ငတေမာတဲ့စိတ်တွေရှိနေသမျှ
ငါတို့ဘဝတွေကကြွေပေးနေရဦးမှာပဲ။
စာနာမှုတရားပျောက်
ကိုယ်ချင်းစာတရားမှောက်နေတဲ့ မင်းတို့
သံသရာတစ်ကျော့ပြန်လည်လာရင်
လောကဓံရေ ထုဖို့သာပြင်ထားလိုက်တော့……………။ ။

ဏီမိုးဝေ

posted from Bloggeroid

No comments:

Post a Comment