ကူတော်လှမြတ်စွာဘုရားပွဲတော်ဒေသခံတောင်သူအင်အား၁၀၀၀ဖြင့်
နှစ်စဥ့်တစ်နှစ် (၄)ကျင်ပသည်ဟုဆို
==================================================
မန္တလေးတိုင်း မြင်းခြံခရိုင် ကတော့ကျေးရွာ ဒေသခံတောင်သူတွေ
နှစ်စဉ်ကျင်ပလျှက်ရှိသော တစ်နှစ်(၄)ကြိမ်ပြုလုပ်သည့်ဆွမ်းလောင်လှူ
ပွဲကို ကူတော်လှသမိုင်ဝင် မြတ်စွာဘုရားအတွင်းဇန်နဝါရီလ ၂၄ ရက်နေ့
နံနက်ကစည်းကားသိုက်မြိုက်စွာကျင်ပသည်ကိုတွေ့ရသည်။
ကျွန်တော် ကူတော်လှမြတ်စွာဘုရားဟာ သမိုင်ဝင် ဘုရားတစ်ဆူဖြစ်ပါ
တယ် ဒေသခံတောင်သူတွေအနေနဲ့ ဒီဘုရားမှာဆုတောင်းတယ်
အဓိဌာန်နဲ့ ဘုရားပက်ဝန်းကျင်မှစိုက်ပျိုးရေးလုပ်ကိုင်စားသောက်ကြသူ
တွေ အားလုံးစုပြီး ကျင်ပသောပွဲဖြစ်ပါတယ် ဘုရားပွဲကြီးကတော့ဝါဆိုလ
ပြည့်နေ့ ဒုတိယအကြိမ်ကတော့ ဝါခေါင်လပြည်နေ့ သတင်ကျွတ်လပြည့်
နေ့  ယနေ့ ပြာဆိုလပြည့်နေပွဲနဲု့စုစုပေါင်း ၄ကြိမ်ကျင်ပခဲတာဟုဒေသခံ
တွေပြောပြချက်အရသိရသည်။
အဆိုဘုရာဟာသာသနာနှစ်၂၂၃ခုနှစ် ပါဋလိပုတ်ပြည် သီရိဓမ္မာသောက
မင်းတရားကြီး က မြတ်စွာဘုရား၏ ဓါက်တော်များကိုဌာပနာ၍တည်ထား
ကိုးကွယ်ခဲပြီး သာသနာနှစ် ၁၈၀၈ ခုနှစ် ကောဇာသက္ကရာဇ် ၆၂၆ ခုနှစ်
နယုန်လဆန်း ၄ ရက်တွင် ငသံမာသင်သေဌေး ဘုမ္မာသေဌေး ခေတ္တရာ
သူဌေးကြီးများမှ ပြန်လည်၍ ပြုပြင်ကာ သာသနာ နှစ် ၁၉၁၄ ခုနှစ် ကောဇာသက္ကရာဇ် ၇၃၂ ခုနှစ် ကဆုန်လပြည့်ကျော် ၄ ရက်နေ့တွင်
ရတနာပူရ အင်းဝပြည့်ရှင်မင်းကြီး စွာစော်ကဲသည်ပြန်လည်၍ပြုပြင်ခဲ့ပြီး
သာသနာနှစ် ၁၉၈၁ ခုနှစ် ကောဇာသက္ကရာဇ် ၇၉၉ ခုနှစ် တပေါင်းလပြည့်
နေ့တွင် မိုးညှင်းမင်းတရားကြီးက ပြန်လည်ပြုပြင်၍ ဝတ္တကမြေများကို
နယ်ရှစ်ရပ် သတ်မှတ်ပိုင်းခြားပေးကာ "ကူတော်လှစေတီတော်မြတ်ကြီး
အားမွမ်းမံပြုပြင်၍လှူဒါန်းခဲ့တာဖြစ်ပါတယ် အခုဒီဘုရားပွဲကိုနှစ်စဉ်ဒေသ
ခံတောင်သူတွေပေါင်းပြီး တစ်နှစ်ကို ၄ ကြိမ်ကျင်ပခဲ့တာဖြစ်တာပါ
မိုးညှင်းမင်းတရားကြီးလက်ထက်က ခံတောအရပ်ဟာယုခု ကတောရပ်
ဖြစ်လာကာ ကတောရပ်၌ စည်းခုံနှင့်ကျေးငြီးတော်တဆယ့်ခုနှစ်ရပ်
တည်ထားတော်မှုကြောင်းမှန်နန်းရာဇဝင်၌တွေ့ရကြောင်းဒေသခံတွေ၏
ပြောပြချက်အရသိရသည်။
စိုင်းထူးခန့် 

posted from Bloggeroid
No comments:
Post a Comment