မန္တလေးစက်မှုဇုံ ပန်းခြံလမ်း
တွတ်ပီကွေ့အနောက်ဖက်
"မြန်မာမေကောင်း"သစ်အချောထည်စက်ရုံ
အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းရန်
လျှောက်ထားဆဲ အလုပ်သမလေးများ ၅၀ ဦးခန့်ကို
HR မန်နေဂျာမှ စက်ရုံပိတ်မယ်ဆိုပြီးတော့
စက်ရုံမှနေထိုင်ခွင့်ပေးထားသော အဆောင်မှ
၂၉.၁.၂၀၁၆ နေ့ နောက်ဆုံးထွက်ခွာခိုင်းသဖြင့်
ယနေ့ ၃၀.၁.၂၀၁၆ နံနက် ၈း၀၀ မှစတင်၍
၎င်းအလုပ်သမလေးများအားလုံးသည်

စက်ရုံရှေ့၌ပင် စက်ရုံ၏လုပ်ရပ်အားလက်မခံကြောင်း
သက်ဆိုင်ရာဥပဒေနှင့်အညီ အကာအကွယ်ရရှိနိုင်ရန်
တောင်းဆိုနေကြသည်။
အလုပ်သမားအဖွဲ့အစည်းနှင့်ပတ်သက်၍
နှောက်ယှက်သူအား ဥပဒေအရ ထောင်ဒဏ် ၁ နှစ်အထိ
အရေးယူနိုင်ကြောင်း
၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်း ဥပဒေ
ပုဒ်မ ၅၁ တွင်ပြဌာန်းထားသည်။

posted from Bloggeroid
No comments:
Post a Comment