
ဈေး နှင့် မြို့။(၁)
မြို့ တ မြို့ ၏ ဈေး ကို ကြည့် ၍ မြို့ နေ လူ များ အ ကြောင်း သိ နိုင် သည်။ ဈေး ဝယ် ဈေး သည် တို့ ၏ အ ကြောင်း ကို ဈေး တ ဈေး က ပြော ပြ လိမ့် မည်။ ဈေး သည် ဈေး ဝယ် မြို့ သူ/သား တို့
ကို ဆူ ကြုံ နိမ့် မြင့် ဆက် ဆံ ရ သည်။
မြို့ နေ လူ တန်း စား အ လွှာ အ သီး သီး ၏
ဆုံ မှတ် ဖြစ် သည်။ ဈေး သယ် သည် ဈေး ဝယ် ၏
အ မူ အ ကျင့် စိတ် ရင်း ကို သိ သည်။ ဈေး ၏ ခင်း
ကျင်း ရောင်း ချ သော ရောင်း ကုန် အ မျိုး အ စား၊
ကို ကြည့် ၍ မြို့ နေ လူ များ ၏ စိတ် နေ အ မူ အ ကျင့် ကို သိ နိုင် သည်။ ဈေး ဝယ် အ ချင်း ချင်း သည်
ဆုံ ရပ် ဈေး တွင် သား ရေး သ မီး ရေး၊ စီး ပွား ရေး
ပ ညာ ရေး၊ ဘာ သာ ရေး၊ ရပ် ရေး ရွာ ရေး ၊နိုင် ငံ့ အရေး၊ နှင့် လော ဘ ၊ ဒေါ သ ၊မစ္ဆရိယ.....စ သည့် မောဟ တို့ ဖ လှယ် ရာ ဆုံ မှတ် လဲ ဖြစ်သည်။ ဒါ န အ တွက် သာ သ နာ ဖက် ၍ ကု သိုလ် ယူ ရာ နေ ရ လဲ ဖြစ် သည်။
ကျောက် မဲ တွင် ဈေး ကြီး နှစ် ခု ရှိ ပြီး၊ အ ခွန်
လွတ် ဈေး က လေး တ ခု ရှိ သည်။ ထို့ ပြင် နံက် မိုး
မ လင်း ခင် ကုန် စိမ်း လက္ကား ဈေး ကြီး က လဲ အ ထင် အ ရှား စည် ကား နေ သည်။ နေ့ ခင်း နှစ် နာ ရီ
ထိုး တွင် ဗ ဟို ဈေး ကြီး ၏ တောင် နှင့် မြောက် ဘက် တွင် ခင်း ကျင်း ရောင်း ချ သော ည နေ ဈေး
ရှိ သည်။ ထို့ ကြောင့် ဈေး ရောင်း တို့ ပျော် သော မြို့
ဈေး ဝယ် တို့ မော် သော မြို့၊ ဈေး များ နှင့် မြို့၊ ဈေး
ဝယ်၊ ဈေး လည် သော မြို့၊ ဖြစ် သည်။
ကျောက် မဲ ဈေး သည် မြို့ လူ ၏ ချဉ် ခြင်း ကို
ဖြည့် ဆည်း ပေး ရာ နေ ရာ လဲ ဖြစ် ပြန် သည်။ ဒေ သ ထွက် ရာ သီ စာ နှင့် အောက် ပြည် ရွာ ဒေ သ
ထွက် ရာ သီ စာ တို့ ဆုံ ဖက် ရာ အ ရပ် လဲ ဖြစ် သည်။ တောင် ပေါ် သား တို့ အ ကြိုက် ရာ သီ စာ
ခေါ ပုတ်၊ မုံ ညင်း ပေါင်း(ဖတ် ကပ် လှ လေး)၊ ပန်း
မုံ လာ၊ ဂေါ် ဖီ ထုပ်၊ ပဲ လိပ် ပြာ(ရွှေ ပဲ ရွက်) ၊ပိန်း ဥ နှင့် ခ ရု၊ တို့ အ ဆုံ အ လင် အ ပြင် အောက်ပြည်
ရာ သီ စာ တမာ၊သ ရက် ကင်း၊ ဆူး ပုတ် ကြီး၊ ဗ မာ ခ ရမ်း ချဉ်၊ ခ ရမ်း သီး နှင့် ဗူး သီး၊ ဇီး သီး၊ချဉ် ပေါင် နှင့် ဌက် ပျော၊အုန်း နှင့် ဖ ရဲ စုံ လင် စွာ ရ နိုင် သည့် ပြင်၊ ပြင် ဦး လွင် ပန်း သည် လဲ ကျောက် မဲ ပန်း နှင့်
အ လှ ခြင်း ပြိုင်၊ တ ရုပ် ပန်း က လဲ ခပ် စွာ စွာ၊ ဒေ
သ ထွက် တော သ ပြေ က လဲ ရောင်း ပန်း လှ သည်။
မိုး လဲ မိုး အ လျောက်၊ ဆောင်း လဲ ဆောင်း တ သွယ် နွေ လည်း တ မျိုး ၊ ရာ သီ အ လိုက် ရောင်း ကုန် တို့ ပြောင်း သွား သော် လဲ ဈေး ဝယ် ဈေး သည် တို့ က လဲ ဈေး သွား၊ ဈေး ရောင်း ဝတ် ထည် ပြောင်း
ပေ မင့် မျက် မှန်း တန်း မိ နေ သည့် ရောင်း ဝယ် သူ ချင်း၊ တော့ မိတ် ဝတ် မ ပျက် ၊ ဆက် ဆံ လျက်။
"အစ် မ ရေ....ဈေး တွေ ကျ ကုန် ပြီ....ဝယ် ပါ အုံး"
"ငါ့ ညီ မ ရယ် မ ရောင်း နိုင် လို့ ပါ၊ ဈေး တွေ တက် ကုန် လို့ ပါ၊ တက် ဈေး နဲ့ ဖောက် သည် ကို
ရောင်း ရ တာ မျက် နှာ ပူ လှ တယ်"
"အ ရင် ဈေး ဘဲ၊ ချိန် ထား လိုက် မယ် နော်"
"ကိုယ့် ဖောက် သည် ဘဲ ဟာ၊ သာ သာ ထိုး ထိုး
ဟော....ကြည့် အုံး၊ စိတ် ချ၊ ဈေး မ များ စေ ရ ဘူး"
"ရ တယ် အန် တီ.....အိမ် ပို့ ပေး လိုက် မယ်"
" ဟ လို...ပြော အစ် မ၊ ဟုတ် ကဲ့၊ ရ တယ် အစ် မ၊ တ ပိ သာ တော် ပြီ လား၊ အိမ် စား ဖို့ သ ရက် ချဉ်
လေး လက် ဆောင် ထည့် ပေး လိုက် မယ်၊ ဟုတ်
ကဲ့ ပါ အစ် မ။"
အော်....ခေတ် အ လိုက် ပြောင်း လဲ ရောင်း ဝယ် လာ သော ဈေး၊.......ကျောက် မဲ ဈေး။
+
posted from Bloggeroid
No comments:
Post a Comment