Wednesday, January 20, 2016

မန္တလေးသတင်း

ကလေးခိုးယူခြင်းများနှင့်ပတ်သက်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် မရှိကြောင်း မန္တလေးတွင် ရဲတပ်ဖွဲ့မှ ရှင်းလင်း ။
မန္တလေးမြို့သာမက မြန်မာတစ်နိုင်ငံလုံးတွင် ကလေးခိုးယူမှုနှင့် ပတ်သက်သည့် မှုခင်းဖြစ်စဉ်မရှိကြောင်း နှင့် ကောလဟလ သတင်းများသာဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ရီက ဇန်န၀ါရီ ၂၀-ရက်နေ့က ရှင်းလင်းခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက မတ္တရာမြို့နယ်၊အမရပူရမြို့နယ်၊အောင်မြေသာစံမြို့နယ်တို့တွင် ကလေးခိုးသည် ဟုဆို ကာ သတင်းများထွက်ပေါ်ခြင်းကြောင့် ယခုကဲ့သို့ အများပြည်သူ သံသယရှင်းမရှိစေရန် ရှင်းလင်းခြင်းဖြစ်သည် ဟုဆိုသည်။
“ကောလဟလတွေကြောင့် ပြည်သူတွေက လုံခြုံရေးဆိုင်ရာ စိုးရိမ်စိတ်တွေခံစားနေရတယ်။ မဟုတ်ဘဲနဲ့ ခံစားရရင် သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုမရှိဘူး။စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိအောင်လို့ခုလိုရှင်းလင်း တာပါ။တင်ပြခဲ့တဲ့ ဖြစ်စဉ် ၁၁-လေ့လာရာမှာ လုံးဝကလေးခိုးဖြစ်စဉ်မဟုတ်ဘဲ ကောလဟလဆိုတာ ထင်ရှားပါတယ်။”ဟု ၄င်းက ပြောသည်။
ရဲတပ်ဖွဲ ဌာနချုပ်၏ တစ်နိုင်ငံလုံးမှုခင်းစာရင်းများအရ လုံးဝမရှိကြောင်း ထုတ်ပြန်ထားပြီး၊ ဥပဒေနှင့်မညီဘဲ ခြေလွန်လက်လွန်ဖြစ်ပါက သူတို့ကိုယ်တိုင် ပြစ်မှုကျူးလွန်သူတွေ ဖြစ်သွားနိုင် ကြောင်း၊ သေဆုံးလျင် ပြစ်မှု ဆိုင်ရာဥပဒေ ၃၀၂ ၊ပြင်းထန်စွာ နာကျင်(၃၂၅)။ပြတ်ရှဒဏ်ရာ(၃၂၆)(၃၂၄)အရေး ယူခံရနိုင်သဖြင့် ကြုံတွေ့ လာပါကသက်ဆိုင်ရာ ရပ်ကွက် နယ်မြေရဲတပ်ဖွဲ့သို့ ကျူးလွန်သူကို သတင်းပေးရန်လိုပြီး မင်းမဲ့ဆန်ဆန် ဖြေရှင်း တာမလုပ်မိစေရန်လိုကြောင်း သိရသည်။
“ခံရသူက မဟုတ်လို့ နစ်နာတယ်ဆိုပြီး တိုင်ရင် ကိုယ်ကိုတိုင် တရားခံဖြစ်နိုင်တယ်။ပတ်ဝန်းကျင်မှာ တရား ခံဖြစ်မယ်။ မင်းမဲ့ဆန်ဆန် ဖြေရှင်းတာမလုပ်မိစေဖို့လိုတယ်။ နယ်စပ်မှာ/ပြည်တွင်းမှာ လက်ရှိအနေ အထားအရ ကလေးသူခိုးတွေမရှိပါဘူး။မိဘပြည်သူတွေက အေးချမ်းစွာနေကြဖို့အဖြစ်မှန်တင်ပြတာပါ။”ဟု ရဲမှူးက ဆက် လက်ပြောကြားသည်။

posted from Bloggeroid

No comments:

Post a Comment