Thursday, January 28, 2016

မြေယာပြသာနာ ကန့်ဘလူ

နိုင်ငံတော်မှစွန်လွတ်ပြီးလာမြေယာများတောင်သူတွေလက်ဝယ်မရဟုဆို
==================================================
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာ ဇာဒီကျေး
ရွာ ထောက်ရှအိုင်ဒေသများမှတောင်သူတွေဒါးမဦးချ လုပ်စားလာ
သောမြေ ဧကပေါင်း ၃၀၀၀ ကျော်ကို နိုင်ငံတော်မှပြန်စွန့်လွတ်ခဲ့သော်
လည်း တောင်သူမျာလက်ဝယ် မှ ပြန်သိမ်းခံရသည်ဟု
ဒေသခံတောင်သူတွေကပြောသည်။

ကျွန်တော်တို့ ဒေသခံတောင်သူတွေ ဘိုးဘွားပိုင် ဒါးမဦးချ ခုတ်ထွင်ရှင်း
လင်း ထွန်ယက်စိုက်ပျိုးခဲသော လယ်ယာမြေများကို ၁၉၈၁ခုနှစ်မှ
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရနှင့် ရင်းနှီးအကျွမ်းတဝင်ဖြစ်သော
စီးပွားရေးလုပ်ငန်းရှင်များက နိုင်ငံတော်စိုက်ပျိုးရေးခြံဟု အမည်တက်ခါ
တရားဥပဒေမဲ့စွားသိမ်းယူသွားပြီး လက်ရှီအစိုးရက ၂၀၁၂ခုနှစ်မှပြန်စွန့်
လွတ်ပေးသော်လည်း တောင်သူတွေလက်ဝယ်တွင်မရရှိခဲကြောင်း
ဒေသခံဘူးကုန်ကျေးရွာမှ ဦးစိုးလွင်ကပြောသည်။

ကျွန်တော် ယာမြေ ၅ ဧက ယာမြေ ဧက ၃၀ သိမ်းခံတာဖြစ်ပါတယ်
အဲဒီအချိန်ကနေ ကိုယ်တိုင် လယ်ယာ လုပ်စားခွသ့်မရှိသဖြင့် လယ်ငှား
ယာငှားဘဝဖြစ်လုပ်ကိုင်စားခဲကြရတာပါ မိသားစုတွေစားဝတ်နေရေး
ကလေးတွေပညာရေးအခတ်အခဲတွေ အများကြီးရင်ဆိုင်နေရပါတယ်
ကျွန်တော်တစ်ယောက်ထဲမဟုတ်ပါဘူး တောင်သူအင်အား ၁၀၀ကျော်
ဧကပေါင်း ၃၀၀၀ ကျော် ကွင်းအမှတ် ၈၅၃ မီချောင်ကွင်း ၈၅၂မိုးနံကွင်း
၈၈၇ အိုင်လျှာကွင်းမြေယာတွေဖြစ်ပါတယ် ကွင်းအမည်တွေကတော့
မြေမွန်ကွင်ပါ သိမ်းခံရတာတော့ကျွန်တော်တို့ဘူးကုန်းကျေးရွာနဲ့ဇာဒီ
ကျေးရွားသားတွေဖြစ်ပါတယ်ဟုဒေသခံတောင်သူဦးညိုသန်းကပြော
သည်။

ကျွန်တော်တို့ဒေသတွေမှတော့ အခုမြေယာတွေနဲ့ပက်သက်ပြီး ၂၀၁၃ခု
နှစ်က တောင်သူတွေဆန္ဒပြ ထွန်တုံးတိုက်ပွဲတွေလုပ်တော့ ဒေသခံတွေ
ကျေးရွာအုပ်ချုပ်မှူးတွေ တောင်သူအရေးလိုက်ပါဆောင်ရွက်သူတွေကို
ထောင်ချအရေးယူခဲတာတွေရှိပါတယ် အဲဒီလို အငြင်းပွားမှု့တွေကြောင့်
တောင်သူတွေကို ပုံစံ(၇)ထုတ်ပေးတာတွေရှိပါတယ် သူတို့နဲ့အစဉ်ပြေတဲ့
သူတွေပေးတာပါ စိုက်ကွင်းမန်နေဂျာကလည်း တောင်သူတွေကိုပြောပါ
တယ် ဒီမြေတွေက နိုင်ငံတော်က ပြန့်စွန်ထားပြီးသား ခင်ဗျာတို့ ဆန္ဒမပြနဲ့
ထွန်တုံးတိုက်ပွဲမလုပ်နဲ့ ၂၀၁၂ ခုထဲ့က စွန့်ထားပြီးသားဟုပြောတယ်ဟု
ဦးချစ်သိန်းကပြောသည်။

အဆိုပါမြေယာမှနည်တူ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းမှ ဒေသခံ
တောင်သူတွေရဲ့  မြေယာသိမ်းခံရတာတွေကတော့ မြန်မာမီရထား စိုက်ပျိုး
ရေးကုမ္ပံဏီ အေးမြစိုးကုမ္ပံဏီ သမဝါယမ ဝါစိုက်ခင်း ကြံစိုက်ပျိုးရေးတပ်
သိမ်းယူထားခြင်းတွေဟာ လက်ရှိအစိုးရလက်ထက်မှမဖြေရှင်းနိုင်တွေ
အများကြီးရှိကြောင်း တောင်သူလယ်သမားအရေးလိုက်ပါဆောင်ရွက်သူ
ဦးစိုးဝင်းကပြောသည်။

အဆိုပါကိစ္စများနှင့်ပါက်သက်၍ကန်ဘလူစိုက်ကွင်း မြေမွန်ကွင်းမန်နေဂျာ
ဦးမောင်မောင်ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်ခဲသော်လည်း ဖုန်းကိုင်ခြင်း
မရှိ သဖြင့် တောင်သူတွေကို မြေယာတွေပြန်စွန်လွတ်ထားသည့်ကိစ္စများ
သည်ကွဲအောင်မသိခဲပေမဲ့ ဒေသခံတောင်သူတွေက ကျေနပ်မှု့မရှိသဖြင့်
ထွန်တုံးတိုက်ပွဲပြုလုပ်ကာ ဖေဖော်ဝါရီလအတွင်း ဆန္ဒဖော်သွားဖို့ရှိကြောင်း အထက်အဆင့်ဆင့်ကိုလဲအကြောင်းကြားတိုင်
စာတွေပို့သွားမည်ဟု ဒေသခံတောင်သူ ၁၅ ယောက်မှ မီဒီယာစင်တာ
မန္တလေးတွင် ဇန်နဝါရီလ ၂၉ ရက်နေ့ နေခင်း ၁၁း၃၀ အချိန်မှ ၁၂း၃၀ ထိ
လာရောက်ရှင်းလင်းပြောကြားခဲသည်။

posted from Bloggeroid

No comments:

Post a Comment