အမျိုးသားပညာရေး သပိတ်မှောက် ကျောင်းသားများအား ထောင်ဒဏ် ၉ လ ချမှတ်လိုက်သော်လည် ချုပ်ရက်ဖြစ် ၅ ဦးလွတ်မြောက်
==================================================
အမျိုးသားပညာရေးသပိတ်မှောက် ကျောင်းသားများ၏ အမှုအား မြင်းခြံမြို့နယ် တရားရုံး၌ ယနေ့(ဇန်န၀ါရီ ၂၈ ရက်) တွင် စွဲချက်တင်သင့် မတင်သင့် အမိန့်ချမှတ်ရန် ကျောင်းသားများအား အပြစ်ရှိ မရှိ မေးမြန်းရာတွင် ကျောင်းသားများက အပြစ်မရှိကြောင်းထွက်ဆို ပုဒ်မ ၁၄၃၊ ၁၄၅နှင့် ၅၀၅(ခ) အရ စုစုပေါင်း ထောင်ဒဏ် ၉ လ ချမှတ်ခဲ့သော်လည် ချုပ်ရက်ဖြင့် လွတ်မြောက်လာသူများရှိသည်ဟု
အဆိုပါနေတွင် ရောက်နေသူ ကိုရေချမ်းကပြောသည်။
ကျောင်းသားသပိတ်စစ်ကြောင်းပါဝင်ခဲသောကျောင်းသားတွေကိုထောင်ဒဏ်ချမှတ်ခဲ့ရာတွင် ပုဒ်မ ၁၄၃ အရ ထောင်ဒဏ် တစ်လ၊ ပုဒ်မ ၁၄၅ အရ ထောင်ဒဏ် နှစ်လ၊ ပုဒ်မ ၅၀၅(ခ) အရ ထောင်ဒဏ် ခြောက်လ တို့ကို အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ပြီး အထက်မြန်မာပြည် ဗ.က.သ အဖွဲ့ဝင်၈ တို့ကို ထောင်ဒဏ်ချပြီး ၅ ဦးမှချုပ်ရက်ဖြစ်လွတ်မြောက်လာကြောင်းသိရ
သည်။
ထောင်ဒဏ်ချမှတ်ခံရသူများအနေဖြင့် အမှုရင်ဆိုင်ရာတွင် ချူပ်ရက်မှာ ၁၀ လနှင့် ၁ ရက် ကြာမြင့်ခဲ့သဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း အထက်မြန်မာပြည် ဗ.က.သ များ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုသန့်ဇင်
ကိုဇင်ကိုသန့် ကိုစိုးလိုင် ယခင် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် နှစ်လ ကျခံနေရခြင်းကြောင့် လွတ်မြောက်ခြင်း ထဲ့မပါဘူး ချုပ်ရက်နဲ့လွတ်မြော
က်လာတာကတော့ညဏ်မြင့်သန်း စည်သူမြတ် ကျော်သန်းထွန်းဦးစိန်ဝင်း
မဖြူတို့ဖြစ်ကြောင်း၎င်းကပြောသည်။
မြန်မာနိုင်ငံ ဗ.က.သအဖွဲ့ဝင်တွေအားလုံးက ဘယ်တော့မှအပြစ်ရှိတယ်ဆို
တာဝန်ခံမှာ မဟုတ်ပါဘူး သူတို့တွေအားလုံးဟာ ပညာရေအတွက်တောင်း
ဆိုကြသူတွေပါ နိုင်ငံရေးနဲ့လည်းလုံးဝမဆိုင်ဘ

ူး ဒါကြောင့် ကျွန်တော်တို့
ကျောင်းသားတွေအနေနဲ့ ဘယ်သူကိုမှ အပြစ်ရှိတယ်လိုလုံးဝဝန်မခံပါဘူး
မတရားပုဒ်မတွေတပ်တယ် ဖမ်းတယ် အရေးယူခံရတယ် မလုပ်ဘူးလား
ဆို လုပ်တယ်လိုဝန်ခံတာ ဖြစ်ပါတယ် အပြစ်ရှိတယ်မရှိဘူးက တရားရုံးက
ဆုံးဖြက်တာဟု ဗ.က.သ ကျောင်းသားအဖွဲ့ဝင်တစ်ဦးပြောသည်။

posted from Bloggeroid
No comments:
Post a Comment