Saturday, January 30, 2016

မီးဘေသင်သူများ မန်စည်ပင်ဆန်အိပ်လှူ

စိန်ပန်းမီးဘေးသင့်ပြည်သူများအား မန်းစည်ပင်မှ ဆန်အိတ်၂၄အိတ်ထောက်ပံ့
မန္တလေး ဇန်နဝါရီ ၂၉
စိုးကြီး
မန္တလေးမြို့၊စိန်ပန်း၊ တောင်ငံပြာရည်ရပ် မီးလောင်မှုဖြစ်စဉ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် အိမ်ထောင်စု ၂၄စု၊လူဦးရေ(၉၇)ဦးအား မန်းစည်ပင်မှ တတင်းခွဲဝင်ဆန်အိတ် ၂၄အိတ် ထောက်ပံ့လှုဒါန်းခဲ့သည်။
မန္တလေးမြို့မဟာအောင်မြေမြို့နယ်၊၄၁×၄၂-လမ်းကြားကမ်းနားလမ်း(အောက်)၊သံလျှက်မှော်အနောက်ရပ်ကွက်၊အကွက် (၃၇၉) တောင်/ငံပြာရည်စုရပ်တွင် ယခုလ၂၈-ရက်၊ညနေ ၃နာရီ၄၅-မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ၁၈-လုံးလောင် ကျွမ်းခဲ့ပြီး အိမ်ထောင်စု ၂၄စုနှင့် လူဦးရေ၉၇ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရခြင်းဖြစ်သည်။
အဆိုပါရပ်ကွက်နေ ဒေါ်ဌေးရီ့
သွပ်မိုးထရံကာနှစ်ထပ်-မြေစိုက်အိမ်ရှိ မီးဖိုမီးအနီးတွင် စက်သုံးဆီဖလှယ်ရာမှ
စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး နှစ်ထပ်အိမ် ၁၃-လုံးနှင့် တစ်ထပ်အိမ်၅-လုံး၊စုစုပေါင်းအိမ်ခြေ ၁၈-လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ရာမှု ဖြစ်ပွားရာ နေရာသို့ မန္တလေးမြို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆၀ ၊အရံမီးသတ်တပ်ဖွဲ့ဝင်၁၅၀ဦးတို့နှင့် အတူမီးသတ်ယာဉ် ၇၆-စီး ဖြင့်ငြိမ်း သတ်ခဲ့ရာ ညနေ ၄-နာရီ ၃၅-မိနစ်တွင်
မီးငြိမ်းသွားပြီး ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ကျပ်၆၈-သိန်းဖြစ်ကာ မီးပေါ့ဆသူအား ပုဒ်မ ၂၈၅ ဖြင့် အမှတ်၇-ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
မန္တလေးမြို့တွင် ဇန်န၀ါရီ ၂၆ ရက်၊နံနက် ၁၀-နာရီခွဲခန့်ကလည်းတံခွန်တိုင် ယန္တရားရပ်ကွက်တွင်မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဇန်နဝါရီလအတွင်း၌ မီးလောင်မှု ၂-ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်ကြောင်း တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
ယခုမီးဘေးသင့်ပြည်သူများအား အုဌ်ကျောင်းဓမ္မာရုံတွင် ယာယီစခန်းဖွင့်လှစ်ကာ နေထိုင်နေရပြီး ကလေးငယ်များမှာ အအေးဒဏ်ခံစားနေရကြောင်း မီးဘေးသင့်ပြည်သူများကပြောသည်။

posted from Bloggeroid

No comments:

Post a Comment