Friday, January 22, 2016

News Watch သတင်းဂျာနယ်



News Watch(စောင့်ကြည့်သတင်းဂျာနယ်) added 3 new photos.



မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်း ရန်ကုန်-ပြည်-မန္တလေးလမ်းပိုင်းမှ တံတားနှစ်စင်း ဖွင့်လှစ်
--- ----- ----- ----- ---
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ လမ်းတံတားအထူးအဖွဲ့(၃)မှ တည်ဆောက်ပြီးစီးသည့် ရန်ကုန်-ပြည်-မန္တလေးလမ်းပိုင်းမှ ဆီမီးကန်တံတားနှင့် ကိုင်းချောင်းတံတားတို့ကို ဇန်န၀ါရီ ၂၂ ရက် နံနက် ၇ နာရီခွဲနှင့် ၈ နာရီခွဲက ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ မြင်းခြံခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဝန်ကြီးက တံတား၂-စင်းကို တစ်ရက်ထဲဖွင့်လှစ်ခဲ့ရာမှာ ပြည်ထောင်စုနေ့အကြို ဖွင့်လှစ်သည်ဟုဆိုနိုင်ကြောင်း၊ မိုးတွင်းကာလတွင် တောင်ကျရေ များကြောင့်ကုန်စည်ကူးသန်းရောင်းဝယ်ရေး အခက်အခဲများ ကြုံတွေ့နေရသဖြင့် ယင်းအခက်အခဲများ ဖြေရှင်းပေးနိင်တော့မည်ဖြစ်ပြီး ဒေသခံများနှင့် တိုင်းရင်းသား ညီအစ်ကိုများ အချိန်အခါမရွေး သွားလာနိုင်ပြီဖြစ်ကြောင်း ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။

နိုင်ငံတော်မှ ပေ ၁၈၀ အထက် တည်ဆောက်ပြီးစီးသည့် ရန်ကုန် -ပြည်-မန္တလေးလမ်းပိုင်းတွင် ဆီမီးကန်တံတားသည် အစင်း ၁၀၀-မြောက်ဖြစ်၍ အရှည် ပေ၂၄၀-နှင့်ကိုင်းချောင်းတံတားမှာ ၁၀၁-စင်းမြောက်ဖြစ်ပြီး တံတားအရှည် ပေ ၄၂၀ ရှိကြောင်း၊ အဆိုပါ တံတား ၂ စင်းတွင် ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန် ယာဉ်နှင့်ကုန် တန်၆၀ဖြစ်၍ ယာဉ်သွားလမ်းအကျယ်၂၄ ပေ၊ တဘက်တချက်တွင် ၃ ပေစီအကျယ် လူသွားလမ်းပါဝင်ကာ သံကူ ကွန်ကရစ်တံတား အမျိုးအစားများဖြစ်ကြောင်း သိရသည်။

ခိုင်ဆက်ဝေ

posted from Bloggeroid

No comments:

Post a Comment