မန္တလေးတောင် အရှေ့ဘက်ခြမ်းရပ်ကွက်များရေပိုမိုသုံးစွဲနိုင်ရေး စက်ရေတွင်း၊ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံများ တိုး ချဲ့တပ်ဆင်မှုများဆောင်ရွက်
မန္တလေးတောင်အရှေ့ဘက်ခြမ်းရပ်ကွက်များ ရေပိုမိုသုံးစွဲနိုင်ရေးအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ
စက်ရေတွင်း၊ ရေလှောင်ကန်နှင့်ရေတွန်းစက်ရုံများအားတိုးချဲ့တပ်ဆင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
“မန္တလေးတောင် အရှေ့ဘက်ခြမ်းရပ်ကွက်နေ ပြည်သူတွေအနေနဲ့ အခုချိန်မှာ ရေအနည်းငယ်သာ သုံးစွဲနေရပါတယ်။ ဒါ ကြောင့် အဲဒီရပ်ကွက်တွေ ရေပိုမိုသုံးစွဲနိုင်အောင်လို့ မန္တလေးတောင်ခြေမှာရှိတဲ့ကနောင်ရေတွန်းစက်ရုံနဲ့ မြောက်ပြင် ဥ ပုသ်တော်ရပ်ကွက်မှာရှိတဲ့ ဂါလန်(၁ဒသမ၅)သိန်းဆံ့ရေတွန်းစက်ရုံတွေကို ပြန်လည်ပြင်ဆင်တူးဖော်မှုတွေ လုပ်ဆောင် ပေးနေပါတယ်၊ နောက်ပြီးကမ်းနားလမ်းမှာလည်းပဲ ရေလှောင်ကန်နှင့်ရေတွန်းစက်ရုံတစ်ရုံထပ်မံဆောင်ရွက်နေပါတယ်။ ဒီလုပ်ငန်းတွေပြီးစီးသွားရင်တော့ မန္တလေးတောင်အရှေ့ဘက်ခြမ်း ရပ်ကွက်နေပြည်သူတွေရေပိုမိုသုံးစွဲသွားနိုင်မှာပါ။ မြို့ အရှေ့ဘက်ခြမ်း ရေပိုမိုသုံးစွဲနိုင်အောင် ဘဏ္ဍာနှစ်အလိုက်ရရှိတဲ့ ငွေပမာဏအပေါ်မူတည်ပြီး ရေလှောင်ကန်နဲ့ စက်ရေ တွင်းတွေကို ဆက်လက်တိုးချဲ့တူးဖော်ပြင်ဆင်ဆောင်ရွက်ပေးသွားမှာပါ။”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မ တီ၊ ရေနှင့် သန့်ရှင်းမှုဌာနမှ ဌာနမှူးဦးထွန်းဝင်းက ပြောသည်။
မန္တလေးတောင်အရှေ့ဘက်ခြမ်းရပ်ကွက်များ ရေပိုမို သုံးစွဲနိုင်ရေးအတွက် မန္တလေးတောင်ခြေတွင် ကနောင်ရေတွန်းစက်ရုံ အား ပြန်လည်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး အဆိုပါရေတွင်းစက်ရုံသည် ယခင်က ကျုံးရေအား မန္တလေး တောင်ပေါ်သို့ တစ်နေ့လျှင် ရေဂါလန် ၅သိန်းတင်ပို့နေသော ရေတွန်းစက်ရုံဖြစ်ပြီး ယခုအခါမန္တလေးတောင် အရှေ့ ဘက်ခြမ်းရပ်ကွက်များသို့ ရေဂါလန်တစ်သန်းခွဲခန့်ကိုကလိုရင်းဆေးခတ်သန့်စင်ကာ ဖြန့်ဝေပေးဝေသွားနိုင်ရန် ဆောင် ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများကို ၂နှစ်အတွင်း ပြီးစီအောင်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ယခုအခါ ရေတွန်းစက်ရုံတိုးချဲ့တည်ဆောက် ခြင်း၊ရေပိုက်လိုင်းများ သွယ်တန်းခြင်း၊ကလိုရင်းဆေးခတ်စက်ရုံတည်ဆောက်ခြင်းနှင့် ရေဖြန့်ဝေပိုက်လိုင်းများ ထပ်မံ တိုး ချဲ့ချထားခြင်းစသည့်လုပ်ငန်းများအား လုပ်ဆောင်နေလျက်ရှိရာ ၄င်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ရေအားနည်းသော မန္တလေးတောင်အရှေ့ဘက်ခြမ်းရှိ ရပ်ကွက်များသို့ နေ့စဉ်ရေဂါလန် တစ်သန်းခွဲခန့်ပေးဝေသွားနိုင်မည်ဟု သိရသည်။
ယခုအခါ ဥပုသ်တော်ရပ်ကွက်တွင် ဂါလန် ၁ဒသမ၅ သိန်းဆံ့ ရေလှောင်ကန်နှင့်ရေတွန်းစက်ရုံကို တည်ဆောက်နေလျက် ရှိပြီး မန္တလေးတောင်၏ အရှေ့ဘက်ခြမ်းရပ်ကွက်များသို့ ရေဂါလန်တစ်သန်းခန့် ပိုမိုဖြန့်ဝေ ပေးသွားနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်နေမှုသည် ၉၅ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကာ ဇန်န၀ါရီလလယ်ပိုင်း မှစ၍ ရေဖြန့်ဝေပေးသွာနိုင်မည်ဖြစ်ကြောင်း၊ ၄င်းရေတွန်းစက်ရုံရှိ ၁၂လက်မ စက်ရေတွင်းအမှတ်(၂၈၊၂၉၊၃၃)တို့မှ ရေစုပ် ယူပြီး ရေလှောင်ကန်အတွင်း သိုလှောင်၍ ယင်းမှတစ်ဆင့် မန္တလေးတောင်ပေါ်ရှိ ဂါလန်(၂ ဒသမ ၅)သန်းဆံ့ ရေလှောင် ကန်သို့ရေတွန်းစက်ဖြင့် ပို့လွှတ်ကာ မန္တလေးတောင်၏ အရှေ့ဘက်ခြမ်းရပ်ကွက်များသို့ရေဂါလန်တစ်သန်းခန့်အား နေ့စဉ် ဖြန့်ဝေပေးသွားမည်ဟု သိရသည်။
မန္တလေးတောင်ခြေတွင် ကနောင်ရေတွန်းစက်ရုံနှင့်ဥပုသ်တော်ရပ်ကွက်ရှိ ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံများ တိုးချဲ့ တပ်ဆင်ပြင်ဆင်မှုလုပ်ငန်းများပြီးစီးသွားပါက ရေအားနည်းသော မန္တလေးတောင် အရှေ့ဘက်ခြမ်းရပ်ကွက်များအနေဖြင့် တစ်နေ့လျှင် ရေဂါလန် နှစ်သန်းခွဲကျော် ပိုမိုရရှိသွားမည်ဖြစ်ကြောင်းသိရသည်။

posted from Bloggeroid
No comments:
Post a Comment