အရည်အသွေးမီပြည်ပပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးအထောက်အကူဖြစ်စေမည့် မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလီမိတက်(MITS)ဓာတ်ခွဲခန်းဖွင့်
အမျိုးသားအကျိုးစီးပွားအား အကာအကွယ်ပေးနိုင်ရန်နှင့်အထောက်အကူဖြစ်စေရန်အတွက် အမျိုးသားအကျိုးစီးပွားပုဂ္ဂလိ ကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေနှင့် အရည်အသွေးမီပြည်ပပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးတို့အား အထောက်အကူဖြစ်စေ မည့် မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS)ဓာတ်ခွဲခန်းဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါဓာတ်ခွဲခန်းကို ဈေးကွက်အတွင်း ဘေးကင်းလုံခြုံစိတ်ချရမှုမရှိသော ထုတ်လုပ်ဖြန့်ဖြူးသည့် ထုတ်ကုန်များမှ အကာ အကွယ်ပေးရန်၊ စားသုံးသူများအတွက် ထိခိုက်နစ်နာမှုဖြစ်စေသည့် ကိစ္စရပ်များမှ အကာအကွယ်ပေးနိုင်ရန်နှင့် စားသုံးသူ များအား အသိပညာဗဟုသုတများ ဖြန့်ဝေပေးနိုင်ခြင်းဖြင့် စားသုံးသူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရေးနှင့် အရည်အသွေးမီ ပြည်ပပို့ကုန်များ တိုးမြှင့်နိုင်ရေးများအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS)ဓာတ်ခွဲခန်းကနေ ဆီနဲ့ ဆီထွက်သီးနှံတွေကို အဓိ ကထား စမ်းသပ်စစ်ဆေးပေးသွားမှာပါ၊ဆီထွက်သီးနှံမှာ ပါဝင်တဲ့ သီးနှံအစိုဓာတ်၊ စုစုပေါင်းဆီပါဝင်နှုန်း၊ အဆီလွတ်အက် ဆစ်ပါဝင်ကိန်း၊ပဲဆီ၊နှမ်းဆီ၊စားသုံးဆီများမှာ ပါဝင်တဲ့ ဆီရဲ့အရည်အသွေး၊ အရောင် စမ်းသပ်ခြင်း၊ အချဉ်ဓာတ်ကိန်း၊ အိုင် အိုဒင်းတန်ဖိုး၊ ဆီခဲအမှတ်၊ ဆီပါဝင်မှု၊ ဆီမှာ ပါဝင်တဲ့ အစိုဓာတ်၊ ဆီပျက်/မပျက် စတာတွေကို

စစ်ဆေးပေးသွားမှာပါ”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးလှမော်ဦးက ပြောသည်။
ယခုဖွင့်လှစ်သည့်ဓာတ်ခွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာ ဦးစီးဌာနအောက်တွင် နိုင်ငံတော်မတည်ငွေဖြင့် မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) ဓာတ်ခွဲခန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ဆီထွက်သီးနှံများအတွက် သီးနှံအစိုဓာတ်(Moisture Content)၊ စုစုပေါင်းဆီပါဝင်နှုန်း (Total Oil Content)၊ အဆီလွတ်အက်ဆစ်ပါဝင်ကိန်း(Free Fatty Acid- FFA)၊ စားသုံးဆီများအတွက် ဆီ၏အရည်အ သွေး (Oil Property)၊ ဆီ၏အရောင်စမ်းသပ်ခြင်း(Oil Coiour Testing)၊ အချဉ်ဓာတ်ကိန်း(Acid Value –FFA)၊အိုင်အိုဒင်း တန်ဖိုး(Iodine Value)၊ ပါရောက်ဆိုဒ်တန်ဖိုး (Peroxide Value)၊ အစိုဓာတ်ပါဝင်နှုန်း(Moisture)၊ ဆီပျက်/မပျက် (Rancidiry)၊ တိမ်ခိုးမှတ်ရှာခြင်း(Cloud Point)၊ ဆပ်ပြာဖြစ်ကိန်း( Soaponification Value)နှင့် စားသုံးသီးနှံများအတွက် အစိုဓာတ်(Moisture)၊ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုဒ်ဓာတ်(HCN)များကို ဓာတ်ခွဲစစ်ဆေးပေးသွားမည်ဟု သိရသည်။
“MITS ဓာတ်ခွဲခန်းကို ရန်ကုန်မှာတစ်ခုဖွင့်လှစ်ပေးထားပြီးဖြစ်သလို မန္တလေးဓာတ်ခွဲကိုလည်း ထပ်မံဖွင့်လှစ်ပေးတာပါ၊ ဒီ လိုဓာတ်ခွဲခန်းတွေဖွင့်လှစ်ပေးခြင်းကြောင့် အာဆီယံစီးပွားရေးအသိုက်အ၀န်းဖော်ဆောင်တဲ့အခါမှာ အာဆီယံနိုင်ငံများနဲ့ မိတ်ဖက်နိုင်ငံတွေကနေ လုံခြုံစိတ်ချရမှုမရှိတဲ့ ထုတ်ကုန်တွေ ၀င်ရောက်လာနိုင်တာကြောင့် မြန်မာနိုင်ငံရဲ့စားသုံးသူတွေ ကို အကာအကွယ်ပေးနိုင်ဖို့ ဓာတ်ခွဲခန်းတွေ ဖွင့်လှစ်နိုင်ဖို့လိုအပ်တယ်၊ ဓာတ်ခွဲခန်းတွေရှိနေမယ်ဆိုရင် နိုင်ငံအတွင်းမှာ လည်း ထုတ်ကုန်လုံခြုံစိတ်ချရမှု လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခြင်းကြောင့် ထုတ်လုပ်သူတွေအတွက်လည်း စံချိန်စံညွှန်း ပြည့်မီတဲ့ ထုတ်လုပ်နိုင်လာမှာဖြစ်တဲ့အတွက် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအားတွေ မြင့်မားလာပြီး ဈေးကွက်အခွင့်အလမ်း တွေ ပိုမိုရရှိလာမှာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံဟာ အာဆီယံကော်မတီအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ အာဆီယံနိုင်ငံများနဲ့အတူ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ပေးသွားနိုင်မှာ ဖြစ်ပါတယ်”ဟု ၄င်းက ဆက်လက်ပြောသည်။
ယခုဖွင့်လှစ်သည့် MITS ဓာတ်ခွဲခန်းမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ထုတ်ကုန်လုပ်ငန်းရှင်များ လာရောက်အပ်နှံဓာတ်ခွဲ စစ်ဆေးခြင်းများကိုသာ ဦးစားပေးလုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ဆီ၏အရည်အသွေး (Oil Property Test) အတွက် ၁၅၀၀ ကျပ်၊ ဆီအရောင်(Coiour Test)အတွက် ၅၀၀၀ ကျပ်၊ ဆီခဲအမှတ်( Cloud Test)အတွက် ၂၅၀၀ကျပ်၊ဆီ တွင်ပါဝင်သောအစိုဓာတ်(Moisture)အတွက် ၃၅၀၀ ကျပ်၊ စုစုပေါင်းဆီပါဝင်နှုန်း (Total Oil Conten-TOC)အတွက် ၈၅၀၀ ကျပ်၊ အဆီအက်ဆစ်လွတ်ပါဝင်ကိန်း/ အချဉ်ဓာတ် (Free Fatty Acid- FFA / AV)အတွက် ၉၈၀၀ ကျပ်၊ အိုင်အို ဒင်းတန်ဖိုး(Iodine Value)အတွက် ၁၀၀၀၀ ကျပ်၊ ပါရောက်ဆိုဒ်တန်ဖိုး (Peroxide Value)အတွက် ၇၂၀၀ ကျပ်၊ ဆီပျက်/မပျက် (Rancidiry)အတွက် ၃၀၀၀ ကျပ်၊ ဆပ်ပြာဖြစ်ကိန်း( Soaponification Value)အတွက် ၅၀၀၀ ကျပ်၊ သီးနှံအစိုဓာတ်(Moisture in Grains)အတွက် ၄၀၀၀ ကျပ်၊ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုဒ်(HCN)အတွက် ၆၀၀၀ ကျပ် ကျသင့် မည်ဖြစ်ကြောင်း သိရသည်။
သတင်းဓါက်ပုံ
ဒီလိုင်ဝင်း (မန္တလေး)

posted from Bloggeroid
No comments:
Post a Comment