မန္တလေး-ပြင်ဦးလွင် တောင်တက်လမ်းသစ်အတွက် လမ်းအူကြောင်းစတင်ဖောက်လုပ်
မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းတွင် မကြာခဏယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေမှု လျော့ကျစေရန်အတွက် တောင်တက် လမ်းသစ်တစ်ခု ဖောက်လုပ်မည်ဖြစ်ရာ ယခုအခါ အဆိုပါလမ်းသစ်၏ လမ်းအူကြောင်းကို စတင်ဖောက်လုပ်လျက်ရှိသည် ဟု မန္တလေးတိုင်း ဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
တောင်တက်လမ်းသစ်ကို Axiom Mandalay High Way Construction Co.Ltdမှ ဖောက်လုပ်နေခြင်းဖြစ်ပြီး ယခုအခါ လမ်းအူကြောင်းဖောက်လုပ်နေပြီဖြစ်ရာ မန္တလေးမြို့မှ အနီးစခန်းအထိ အကွာအဝေးမိုင် ၂၀ ၀န်းကျင်ရှိကြောင်း၊ လမ်းအူ ကြောင်းပြီးသည်နှင့် လမ်းခင်းခြင်းလုပ်ငန်းများကို စတင်သွားမည်ဖြစ်ကြောင်း၊ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းတွင် မကြာခ ဏ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေမှု လျော့ကျစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် လမ်းသစ်ကို ဖောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
“အသစ်ဖောက်လုပ်မယ့် လမ်းပိုင်းက လက်ရှိသွားနေတဲ့ လမ်းပိုင်းထက် တစ်ဝက်နီးပါး လျော့နည်းသွားပြီး အချိန်တို၊ ခရီး တိုအတွင်း သွားလာနိုင်မယ်။ ဖြတ်သန်းသွားတဲ့ဒေသတွေမှာလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာပါ။ အချိန်တိုအတွင်း ကုန်စည်သယ်ယူ ပို့ဆောင်မှုပိုင်းမှာလည်း အရင်ထက်ပိုပြီး မြန်ဆန်လာမှာပါ”ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါလမ်းသစ်အတွက် လမ်းပိုင်းအူကြောင်းရှာဖွေ မြေတိုင်းတာခွင့်နှင့် BOT လမ်းပိုင်းအဖြစ် အသုံးပြုခွင့်ပြုရန်အတွက် ယခင်နှစ် မေလက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားမှတ်ချက်အား တောင်းခံခဲ့ပြီး ပြည်ထောင်စုအဆင့်ဆင့်သို့ တင်ပြခဲ့ရာ ဇွန်လတွင် ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။

"ဆောက်လုပ်ရေးဝန်ကြီဌာနက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေရှိပြီး အဲဒီအတိုင်းခွင့်ပြုတာဖြစ်တယ်။ လမ်းအူ ကြောင်းပြီးသွားရင်တော့ အကွာအဝေးအတိအကျထွက်လာမှာပါ။"ဟု ပြည်သူ့ဆောက်လုပ်ရေး(မန္တလေး)မှ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။
မန္တလေး-ပြင်ဦးလွင် တောင်တက်လမ်းသစ်သည် ပုသိမ်ကြီးမြို့နယ်မှ စတင်မည်ဖြစ်ကာ ပြင်ဦးလွင်မြို့၊ အနီးစခန်းတွင်ရှိ သည့် မူလလမ်းပိုင်းနှင့် ပေါင်းစပ်သွားမည်ဖြစ်ကြောင်း၊ တောင်တက်လမ်းဖြစ်၍ တောင်အမြင့် ၂လုံးနှင့် ဆင်ခြေလျှော တောင်ကုန်းမြင့်များအပြင် တံတား ၁၀-ခုနှင့် ရေနံပိုက်လိုင်းတစ်ခုကို ဖြတ်သန်းရမည်ဖြစ်ကြောင်းသိရသည်။

posted from Bloggeroid
No comments:
Post a Comment