Saturday, January 9, 2016

ရပ်မိရပ်ဖ ၅ဦးကော်မတီရွေးချယ်

ကံသာယာရပ်မိရပ်ဖရွေးချယ်ရန်အကြိုဆွေးနွေးပွဲဒေသခံတွေ
နဲ့မြို့နယ်ရဲတပ်မှူးအဖွဲ့အချေတင်အငြင်းပွားမှု့များမှု့ဖြစ်ပွား
==========================================
မန္တလေး ချမ်းမြသာစည်မြို့နယ်ကံသာယာ ကံသာဦးဓမ္မာရုံတွင်
ရပ်ကွက်ပေါင်း ၂၅ ရပ်ကွက်အတွင်းမှရပ်မိရပ်ဖရွေးချယ်ရန်
အကြိုဆွေးနွေပွဲတွင် ဒေသခံများဖိတ်ကြားခြင်းမရှိပဲဆယ်အိမ်
ခေါင်များကိုသာရွေးချယ်၍ဖိတ်ကြားသဖြင့်ဒေသခံကျေနပ်မှု
မရှိ၍အချေတင်အငြင်းပွားခဲသည်။

သမ္မတသက်တမ်းကုန်သည်အထိ လက်ရှိအုပ်ချုပ်ရေးမှူးမှာ
တာထမ်းဆောင်ခွင့်ရှိနေတာတောင် တစ်နိုင်ငံလုံးကိုအုပ်ချုပ်
မဲ့ သမ္မတအသစ်ကိုတောင် လွတ်တော်ကအတည်မပြုရသေ
ခင် အခုလို ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရေး ရပ်မိရပိဖ
ဆယ်အိမ်ခေါင် ရွေးချယ်ပွဲတွေလုပ်နေတာဟာ နိုင်ငံတော်အဆင့်ကို ကျော်လွန်ပြီ လုပ်နေတာလားဟု ကံသာ
ယာမြို့သစ်နေ ဦးစောလှအောင်က မြို့နယ်မှူးအားမေးသည်။

ကျွန်တော်တို့အနေနဲ့ယနေ့ကျင်ပရတာဟာ ရပ်ကွက်အုပ်ချုပ်
ရေးမှူးအတွက် တစ်နိုင်ငံလုံးအတိုင်အတာအရအထက်မှညွန်
ကြားချက်တွေနဲ့လုပ်ရတာဖြစ်ပါတယ် သမ္မတအဆင့်အထိကို
ကျွန်တော်တို့လိုက်မမှီပါဘူး ယနေ့ကျင်ပရသည့်အကြောင်းက
ဒေသခံတွေကိုမဖိတ်ဖြစ်တာက ရပ်မိရပ်ဖရွေးချယ်ပွဲကို
ဇန်နာဝါရီလ ၉ ရက်နေ့ ဒီနေရာမှပြုလပ်ဖို့အတွက်အကြိုဆွေး
နွေးပွဲအဖြစ် ဆယ်အိမ်ခေါင်များကိုခေါ်ယူပြီးလုပ်တာပါဟု
မြို့နယ်ရဲတပ်မှူး ဦးမြင့်ဇော်မှပြန်လှည်ဖြေကြားခဲ့သည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်မည့်ကိစ္စတွေမှယခင်
အပြုအမူနှင့်လက်သိပ်ထိုးလုပ်ဆောင်မှု့တွေကိုလုံးဝလက်မခံ
နိုင်ပါဘူး ဒီလိုလုပ်တဲ့သူတွေကိုဥပဒေအရအရေးယူနိုင်သည်
အထိဖေါ်ထုတ်သွားပါမည်။

နိုင်ငံသားအားလုံမိမိတို့ရပ်ကွက်တွေမှအထူးဂရုစိုက်ကြပါ
လက်ရှိ အုပ်ချုပ်ရေးမှူးတွေနေရာထပ်ယူဖို့ပွင့်လင်းမြင်သာ
မှု့မဲ့စွာ အင်နှင့်အားနှင့်လှုပ်ရှားတာတွေ တွေ့နေရပါတယ်။
၅ဦးကော်မတီကိုမသာမာတဲ့နည်းတွေနှင့် အထည်ပြုနိုင်ဖို့
ယနေ့ ကြိုးစားနေကြပါပြီးဟုဒေသခံဦးအောင်မြင့်ကပြောသည်။

နိုင်ငံတော်ရဲအုပ်ချုပ်ရေးအာဏာယူရမည့်နိုင်ငံတော်အဆင့်
နိုင်ငံအုပ်ချုပ်ရေးမှူးလို့ဆိုလိုရတဲ့သမ္မတအသစ်ရွေးချယ်ဖို့
တောင်၂၀၁၆ ဖေဖော်ဝါရီလဆန်းပိုင်းမှလွှတ်တော်ကအသစ်က အစည်းအေ ဝးခေါ်ယူမှာပါ။
နိုင်ငံတော်အဆင့်မှတောင်အချိန်မကျသေးဘူး အောက်ခြေ
ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ဖို့အခုဇန်နာဝါရီလထဲက လူတိုင်မသိရတဲ့ ရွေးချယ်ပွဲကိုအထွေထွေလုပ်ပြီးရုပ်လုံးဖော်ဖို့
လုပ်နေကြပြီး ဒါနိုင်ငံတော်အဆင့်မှာတောင် စတင်ဆောင်ရွက်
ခြင်းမရှိသေးပါပဲ အောက်ခြေရပ်/ကျေးအဆင့်ကနိုင်ငံတော်
အဆင့်လုပ်ငန်းကို ကျော်လွန်ဆောင်ရွက်နေတာပဲဖြစ်တယ်။
နိုင်ငံတော်သမ္မတအသစ်တောင်မတက်ရသေးဘူးရပ်/ကျေး

အုပ်ချုပ်ရေးမှူးအသစ်တွေပေါ်လာမယ်ဆိုတော့ဒါဘယ်လိုလည်း
သမ္မတအသစ်ကဘုမသိဘမသိနှင့်ခုံပေါ်တက်ထိုင်ပြီး ရွေးချယ်တာတောင် သူသိခွင့်မရလိုက်တဲ့ သူလက်အောက်က
သူမရှိခင်ပေါ်ပေါက်နေတဲ့သူ့ကိုယ်ပွားတွေနှင့်အလုပ်လုပ်ရမှာ
လား
အောက်ခြေအဆင့်ဆင့်အုပ်ချုပ်ရေးမှူးတွေဆိုတာနိုင်ငံတော်
သမ္မတရဲ့ ကိုယ်ပွားတွေပါပဲ
အဓိကမိန်က ရုပ်လုံးအကောင်အထည်မပေါ်သေးဘူး အဲဒီအဓိကရဲ့ ကိုယ်ပွားတွေကပေါ်နေပြီးဆိုရင် ဒါဟာ အောက်
လမ်းနည်းနဲ့ ဖန်တီးထားတဲ့ကိုယ်ပွားတွေပဲ
အစိုးရသစ်လက်ထက်မှ ရပ်ကျေး အုပ်ချုပ်ရေးမှူးအသစ်ရွေး
ချယ်နိုင်ဖို့ပြင်ဆင်သည့်ဥပဒေက ဒါဆိုရင်ဘာအတွက်လဲ
အဲဒါကို ဥပဒေအဟောင်းနှင့်ဇွတ်ရွေးချယ်ဖို့လုပ်ဆောင်နေကြ
တာတွေဟာ ခါတော်မီ အာဏာလုနေကြတာပါပဲ
နိုင်ငံအုပ်ချုပ်အသက်သွေးကြော အခြေခံအုပ်ချုပ်ရေးပိုင်းကို
အာဏာရှင်ဟောင်တွေ ဆုပ်ကိုင်ကြီးစိုးဖို့လုပ်ဆောင်နေကြ
တာပဲ ဒီတော့နိုင်ငံသားတိုင်းမိမိတို့ရဲ့သမ္မတအသစ်တောင်အတည်မပြုရသေပဲ မိမိတို့ရပ်/ကျေးတွေကို လက်မခံကြဖို့ ရဲရဲဝံ့ဝံ့ကန်ကွက်ကြဖို့လိုပါတယ်ကျွန်တော်ကတော့ယနေ့ရပ်/
ကျေးပြုလုပ်တာကိုကန့်ကွက်ခဲ့ပါတယ်ဟုနိုင်ငံရေးအကျဉ်းသားဟောင်းဦးစောလှအောင်ကပြောသည်။
စိုင်းထူးခန့် 

No comments:

Post a Comment