၂၀၁၅ ခုနှစ်အတွင်း စစ်ကိုင်း တိုင်းဒေသကြီးအတွင်း တရားမ၀င် သစ်တန်ချိန်ပေါင်း
၈၀၀ ကျော် ဖမ်းဆီးရမိ
=================================================
စစ်ကိုင်းတိုင်းဒေသကြီးမှာ၂၀၁၅ ခုနှစ်အတွင်း တရားမ၀င် သစ်
သယ်ဆောင်မှုအား ဖမ်းဆီးအရေးယူရာတွင် တန်ချိန်ပေါင်း ၈၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး
အများစုမှာ တန်ဖိုးကြီး တမလန်းသစ်များ ဖြစ်နေကြောင်း သိရပါတယ်။
တရားမဝင်သစ်မှောင်ခို သယ်ဆောင်သူများဟာ ကားအမျိုးမျိုးဖြင့် ပုံစံအမျိုးမျိုးသယ်ယူကြတာဖြစ်ပြီး အများအားဖြင့် ညပိုင်းတွင်မောင်းနှင်ကြကာ ကားတချို့ဆိုလျှင် ယဉ်တိမ်းမှောက်မှုဖြစ်မှသာ တရားမဝင်သစ်များသယ်ဆောင်လာခဲ့တဲ့

ကားဖြစ်တယ်ဆိုတာသိရှိရကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း တရားမ၀င် သစ်သယ်ဆောင်မှုအများဆုံးမှာ ကသာခရိုင်နှင့်ရွှေဘို ခရိုင် တို့ဖြစ်ကြောင်း
သိရပြီး အများအားဖြင့် တရုပ်နိုင်ငံဘက်သို့ ခိုးယူရောင်းချနေကြကြောင်း သိရပါတယ်။
တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသော သစ်များတွင် တမလန်းသစ် (၄၃၇)တန်ကျော်၊
ကျွန်းသစ်၊(၂၈၀)တန်ကျော် နှင့် ပိတောက်ကဲ့သို့သစ်မာအုပ်စုဝင်အခြားသစ် တန်
(၁၅၀) ကျော် ဖမ်းဆီး၇မိပြီး တန်ဖိုး သိန်း သုးံထောင်ကျော် ရှိကြောင်း
သိရပါတယ်။
အဆိုပါ ဖမ်းဆီးရမိသော သစ်မှောင်ခိုသယ်ဆောင်သူများကို သက်ဆိုင်ရာ ရဲစခန်းအသီးသီး၌
ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့်အမှုဖွင့်ခဲ့ပြီး
အမှုပေါင်း (၃၃၅) မှု ရှိခဲ့သဖြင့် ၂၀၁၄ ခုနှစ်ထက် (၁၀၉) မှု ပိုမို
များပြားနေကြောင်း သိရပါတယ်။

No comments:
Post a Comment