“ကျောင်းသူလေးတဦး ကျောင်းတက်မပျက်စေဖို့ အဝေးက ဘူတာဆီ နေ့စဉ်ပြေးဆွဲပေးတဲ့ ဂျပန်ရထား”
ကျောင်သူလေးတဦး ကျောင်းတက်မပျက်စေဖို့အတွက် ဂျပန်နိုင်ငံမြောက်ပိုင်းစွန်း ဟိုကိုင်းဒိုးကျွန်းက ဘူတာငယ်လေးဆီကို ရထားပြေးဆွဲပေးနေတယ်ဆိုတာ ယုံတမ်းပုံပြင်မဟုတ်။ “ဂျပန် ဟိုကိုင်းဒိုး မီးရထား”ကုမ္ဗဏီက လူစီးနည်းတဲ့ နေရာတွေဆီကို ရထားပြေးဆွဲခြင်းရပ်ဆိုင်းဖို့ ကြေငြာခဲ့ပါတယ်။ အဲဒီ ဘူတာငယ်လေးတွေထဲမှာ Kyu-Shirataki ဆိုတဲ့ ဘူတာလည်း ပါဝင်ပါတယ်။ ဒါပေမယ့် Kyu-Shirataki ဘူတာကနေ ရထားစီးပြီး ကျောင်းတက်တဲ့ ကျောင်းသူလေးတဦးကို ကုမ္ဗဏီက သတိပြုမိခဲ့တယ်။ ဒါကြောင့် ဒီကျောင်းသူလေး ကျောင်းပြီးမယ့် ၂၀၁၆ မတ်လအထိ ဆက်လက်ပြေးဆွဲပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုသာ ဆက်လက်မပြေးဆွဲပေးဘူးဆိုရင် ကျောင်းသူလေးဟာ အနီးဆုံးဘူတာဖြစ်တဲ့ Shirataki ဘူတာဆီကို မနက် ၉ နာရီရထားမီဖို့ ၇၃ မိနစ်လောက် လမ်းလျှောက်သွားရမှာဖြစ်ပါတယ်။ ကျောင်းသူလေးတဦးတည်းအတွက် ရထားဆက်လက်ပြေးဆွဲပေးဖို့ ဆုံးဖြတ်လိုက်တဲ့ “ဂျပန် ဟိုကိုင်းဒိုး မီးရထား”ကုမ္ဗဏီရဲ့ လုပ်ရပ်ဟာ ချီးကျုးအံ့အားသင့်ဖွယ်ဖြစ်ပြီး ဒီသတင်းဟာ ကမ္ဘာ့သတင်းဌာနတွေဆီ ရောက်ရှိသွားပါတော့တယ်။
ရည်ညွှန်း-အဆာဟိ ရှင်ဘွန်း

posted from Bloggeroid
No comments:
Post a Comment