Thursday, January 14, 2016

ဓါးထောက်ပစ္စည်းလုယက်သူ



FMI City ၌ ဓါးထောက်ကာ သားမယားအဖြစ်ပြုကျင့်ပြီး လုယက်သွားသူအား ရဲတပ်ဖွဲ့မှ (၂၇) နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
=====================================
၁၂.၁.၂၀၁၆ ရက်နေ့ ၁၂၃၀ အချိန်ခန့်က လှိုင်သာယာမြို့နယ်၊ (၄)ရပ်ကွက်၊
FMI City(ပဒေသာပင်မြို့တော်)၊ ယမင်းရွှေဝါလမ်းရှိ နေအိမ်တွင် အိမ်ရှင်
ဖြစ်သူမှာ ဆေးခန်းတွင်ရှိနေပြီး အိမ်အကူဖြစ်သူ မ-- မှာ နေအိမ်တွင်
ရှိနေစဉ် အမည်မသိ၊ အသက်(၂၇)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ရောက်ရှိ
လာပြီး အိမ်အကူဖြစ်သူ မ---- အား ဓါးဖြင့်ထောက်ကာရတနာပစ္စည်း
များထားသည့်နေရာ အား ခြိမ်းခြောက်မေးမြန်းခဲ့သဖြင့် အိမ်အကူမှ
ကြောက်လန့်၍ မီးခံသေတ္တာအား ဖွင့်ပေးလိုက်ရကြောင်း၊ မီးခံသေတ္တာ
အတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ၊ အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာနှင့်
မြန်မာငွေရောရာ စုစုပေါင်းတန်ဖိုး ကျပ်(၂၃၁၁၁၅၀၀)အား ယူဆောင်ခဲ့ပြီး
ပြစ်မှုကျူးလွန်သူမှ အိမ်ဖော် မ--
အား သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်
ခဲ့သဖြင့် သားမယားအဖြစ်ပြုကျင့်ပြီး လုယက်သွားသူအား ဖော်ထုတ်
အရေးယူပေးရန် ယင်းနေ့ ၂၁၄၀ အချိန်တွင် တိုင်တန်းခဲ့သဖြင့် လှိုင်သာယာ
မြို့မရဲစခန်း(ပ)၆၅/၂၀၁၆၊ ပုဒ်မ-၃၈၆/၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်
ခဲ့ပါသည်။

အဆိုပါအမှုအား ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးက တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့်
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့
ဖွဲ့စည်းပြီး စုံစမ်းဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။

အထူးအမှုစစ်အဖွဲ့မှ အခင်းဖြစ်ရပ်သို့ ချက်ချင်းသွားရောက်စစ်ဆေးခဲ့ပြီး
မသင်္ကာသူအား စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ လှိုင်သာယာမြို့နယ်
နေ သက်ယုဇော်၊ (၃၀)နှစ်အား ၁၄.၁.၂၀၁၆ ရက်နေ့ ၀၀၄၅ အချိန်တွင်
ရန်ကုန်၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေး
ဖော်ထုတ်ချက်အရ ပါဆုံးသွားသော သက်သေခံပစ္စည်းများနှင့် ပြစ်မှု
ကျူးလွန်သူအား အမှုလာရောက်တိုင်တန်းပြီး (၂၇)နာရီအတွင်း ဖော်ထုတ်
ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါအမှုအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေး
ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ခဲ့မှုများ၏ အသေးစိတ်
ကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်း
ရရှိပါသည်။

posted from Bloggeroid

No comments:

Post a Comment