ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက လစ်လပ်မြေတွင် ငွေကြေးယူကာ မြေငှားချထားသော်လည်း နေအိမ်များပြင်ဆင် ခွင့်မရ၍ အခက်အခဲကြုံ နေရဟုဆို။
မန္တလေး ဇန်နဝါရီ ၁၉ မန္တလေး ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ် ဆ-ဆ(၈)ရပ်ကွက်အတွင်း ရှိမြန်မာ့ လျှပ်စစ်မဟာဓါက်အားလိုင်ကြိုးအောက်တွင် မရှိဆင်းရဲသား အိမ်ယာမဲ့များအား

ကြံ့ခိုင်ရေးပါတီမှ အရာ ရောက်သူတစ်ဦးက အခကြေးငွေဖြင့် မြေငှားရမ်းထားကာ အိမ်အမိုးအကာပင် ပြင်ဆင်ခွင့်မရ၍ အခက် အခဲကြုံတွေ့နေရကြောင်း နေထိုင်သူ အချို့ကပြောသည်။
၎င်းနေရာတွင် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက မြေငှားစနစ်ဖြင့် နေထိုင်လာသူများကြောင့် လက်ရှိတွင် အိမ်ခြေ ၄၈ အိမ်ထိရှိ လာပြီဖြစ်ပြီး နေထိုင်သူများအား ခြိမ်ခြောက်မှုများပြုလုပ်ကြောင်း သိရသည်။
“ပါတီစည်းရုံးရေးလုပ်တုန်းကလည်း ကျွန်မတို့ လိုက်ပေးရတယ်။ဘုံဆွမ်းလောင်းအသင်းအတွက် အလှူခံ မလိုက်ရင် ၊ကိုယ်တိုင်မလှူရင်လည်းမလှူရင် ဒီနေရာကနေ ဘူဒိုဇာနဲ့ ဖယ်ပြစ်မယ်လို့ ပြောတယ်။ ကျွန်မသမီး အပျိုလေးရှိလို့ မလုံတဲ့ အိမ်ကို ကာခြင်တာတောင် သူကခွင့်မပြုလို့ မလုပ်ရဘူး။သူ့ကို အားလုံးကကြောက် နေရတယ်။”ဟု ဒေါ်စန်းက ပြောသည်။
အဆိုပါနေရာသည့် မဟာလျပ်စစ် ပင်မဓါတ်အားလိုင်းအောက်တွင်ရှိ၍ ၂၀၀၈-နောက်ပိုင်း ကြက်ဆူပင် စိုက်ခင်းဖြစ်ကြောင်း၊ကြက်ဆူပင်များ မရှိတော့သည့် နောက် လာရောက်နေထိုင်လိုသူများအား တစ်လလျင် ကျပ်ငါးထောင်နှင့် မြေငှားရမ်းပေးပြီး ကိုယ်တိုင် အဆောက်အဦ ဆောက်လုပ်ရကြောင်း၊လျပ်စစ်မီတာခအဖြစ် တစ်လလျင်ကျပ် ငါးထောင်နှင့် အထက်ပေးရသော်လည်း နေ့ပိုင်း မီးဖြတ်ထားကြောင်းသိရသည်။
“ဒီမှာ နေထိုင်တဲ့သူတွေက နယ်အသီးသီးကလာတဲ့သူတွေပါ။ကြုံရာ ကြာပန်းလုပ်ကိုင်စားသောက်နေကြတဲ့ လက်လုပ်လက်စားတွေပါ ။သက်ဆိုင်ရာက လာရှင်းလို့ သူတို့ကို နေရာလည်း မပျောက်စေခြင်ဘူး။ကောက် ခံတဲ့ ငွေက ဘယ်ကို ရောက်လည်းဆိုတာ မသိပေမယ့် အမိုးအကာမလုံလို့ မိုးခြင်တာတောင် သူ့ခွင့်ပြုချက်ပါမှ လုပ်ရတာ။”ဟု ရပ်ကွက်နီးချင်းတစ်ဦးကပြောသည်။
ယင်းကဲ့သို့ မြေငှားနေထိုင်သူများမှာ အိမ်ပြင်ခြင်း၊ငွေကောက်ခံသော်လည်း လျပ်စစ်ဓါတ်အားဖြတ် တောက် ခြင်း၊ပါတီစည်းရုံးရေးလုပ်စဉ်က အလှည့်ကျလိုက်ပါခဲ့ရခြင်းနှင့် ၄င်း၏ သဘောထားကို မလိုက်နာပါက ခြိမ်းခြောက်ခြင်းတို့ကို ခံစားနေရကြောင်း နေထိုင်သူအချို့က Newswatch သို့ ပြောပြသည်။

posted from Bloggeroid
No comments:
Post a Comment