Sunday, January 10, 2016

ဟိုအရင်က လျှပ်စစ်ရထား

" လျှပ်စစ်ရထားအစ ၁၉၀၄ ခုနှစ်က ”
= = = = = = = = = = = = = = = = =

၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီး
နောက်ပိုင်း ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်တို့ သည်
ရန်ကုန်မြို့ အား မြို့ ပြအင်္ဂါရပ်နှင့်အညီ
အစိုးရရုံးများ၊ ကျောင်းများ၊ ဆေးရုံများ၊
လူနေအဆောက်အဦးများ တည်ဆောက်ခြင်း၊
လမ်းများဖောက်လုပ်ခြင်း၊ ပန်းခြံများ၊ ဥယျာဉ်များ၊
စသည်တို့ ကို စနစ်တကျ ရေးဆွဲ၍
အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။
၎င်းနောက် ၁၈၈၄ ခုနှစ်တွင် ရေနွေးငွေ့ မီးရထား
စတင်ပြေးဆွဲခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး
လျှပ်စစ်ရထား (Electric Tram)ကို မန္တလေးမြို့ ၌
၁၉၀၄ ခုနှစ် ဇွန်လ ၁၇ ၇က်နေ့ တွင် စတင်
်ပြေးဆွဲခဲ့ပါသည်။ ထို့ နောက် ၁၉၀၆ ခုနှစ်
ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် လျှပ်စစ်ရထား
(Electric Tram) ကို ရန်ကုန်မြို့ တွင် စတင်ပြေးဆွဲ
ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။

ဖော်ပြပါပုံသည် ဆူးလေဘုရားလမ်းမပေါ်တွင်
ပြေးဆွဲနေသော ဆင်တံဆိပ် လျှပ်စစ်ရထား
ဖြစ်ပါသည်။ ထို့ ကြောင့် လျှပ်စစ်ရထားသည်
မြန်မာနိုင်ငံသို့  ရောက်ရှိလာခဲ့သည်မှာ
ယ္ခုအခါ နှစ်ပေါင်း ၁၁၂ နှစ်ခန့် ကြာမြင့်ခဲ့ပြီ
ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

posted from Bloggeroid

No comments:

Post a Comment